မြန်မာစစ်အာဏာသိမ်းပြီးနောက် သေဆုံးသူစာရင်း ရန်ကုန် ကန် သံရုံးထုတ်ပြန်

Myanmar

[[Zawgyi/Unicode]]


မြန်မာ စစ်တပ်အာဏာသိမ်းအပြီး အသတ်ခံရသူ ၂၀၀၀ ရှိပြီလို့ အမေရိကန်သံရုံးက ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ အာဏာသိမ်းပြီးတဲ့နောက် သတ်ဖြတ်ခံခဲ့ရတဲ့သူ ၂၀၀၀ လောက်ရှိပြီး ဒီလို အရပ်သားပြည်သူတွေအတွက် စိတ်မကောင်း ဖြစ်မိတဲ့အကြောင်း အမေရိကန်သံရုံး Facebook အင်တာနက် စာမျက်နှာမှာ ဖေါ်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် မေလကုန်အထိ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ အရပ်သားတွေ သေဆုံးတဲ့ အရေအတွက်ကို အမေရိကန် သံရုံးက ကိုးကားဖေါ်ပြတာပါ။

စစ်တပ်တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာဖို့ အမေရိကန်ပြည်ထောင်စုက ဆက်ပြီးတွန်းအားလုပ်ဆောင်သွားမယ်လို့လည်း သံရုံး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ AAPP က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ ပုံကြီးချဲ့ ချဲ့ကားပြီး တဖက်သတ် ပြုစုတဲ့ စာရင်းတွေလို့ အမြဲတစေ တုံ့ပြန်လေ့ရှိပါတယ်။ PDF လက်နက်ကိုင်အဖွဲ့ရဲ့လက်ချက်နဲ့ သေဆုံးတဲ့ အရပ်သားတွေ အများအပြား ရှိတယ်လို့လည်း သတင်းထုတ်ပြန်လေ့ရှိပါတယ်။

AAPP က ထုတ်ပြန်တဲ့ စာရင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရတဲ့ စစ်တပ်ဘက်က ကျုးလွန်တဲ့ အရပ်သားစာရင်းကိုပဲ ကိုးကားထားတာပါ။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူ (MIPS) လိုတခြားသုတေသနအဖွဲ့အစည်းတွေကပြုစုထားတဲ့ PDF နဲ့အခြားအဖွဲ့အစည်းတွေရဲ့သတ်ဖြတ်ခံရသူတွေ စာရင်းတော့ ပါဝင်မှု မရှိပါဘူး ခင်ဗျာ။

အဲဒီစာရင်းတွေအရ သတ်ဖြတ်ခံရသူ ထောင်နဲ့ချီရှိတဲ့အတွက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများသေဆုံးမှု အသတ်ဖြတ်ခံရမှုအရေအတွက်ဟာ အမေရိကန်သံရုံးကဖေါ်ပြတဲ့ ၂၀၀၀ ထက် အများအပြား ပိုမိုဖို့ ရှိပါတယ်။

နော်ဝေ ပြင်သစ် နဲ့ EU ဥရောပါသမဂ္ဂ သံရုံးတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ ၂၀၀၀ အတွက် ဆိုပြီး သူတို့ Facebook တွေက Profile ပုံတွေကို ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်တွေ ပြောင်းလဲထားပါတယ် ခင်ဗျာ။

Your browser doesn’t support HTML5

06-22-2022 US Embassy Myanmar Death Toll for Web (WM).mp3

================

[[Unicode]]











================