ထိုင်ဝမ်မှာ စစ်ရေးလေ့ကျင့်

TAIWAN-DEFENCE/

[[Zawgyi/Unicode]]

အင်အားကြီးတရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို သီတင်းပတ်အတော်ကြာခံနေရတဲ့ ထိုင်ဝမ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တင့်ကားတွေ၊ တိုက်ဂျက်လေယာဉ်တွေပါတဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး သူ့ရဲ့စစ်အင်အားကို ပြသခဲ့ပါတယ်။

မြေပြင်တိုက်ခိုက်ရေးအတွက် အမြဲအသင့်ရှိနေရေးဟာ စစ်တပ်အတွက် အဓိကဖြစ်တာကြောင့် အချိန်တိုင်း လေ့ကျင့်ပေးဖို့လိုအပ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Sun Li-Fang က ထိုင်ဝမ်စစ်တပ် စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်ဝမ်တောင်ဘက် အစွန်အဖျားက Pingtung မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်နဲ့ ထိုင်ဝမ်ပိုင်ကျွန်းတွေမှာ စစ်ရေးလေ့ကျင့်နေတာဟာ ထိုင်ဝမ်ပိုင်နက်အတွက် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တာဖြစ်သလို စစ်ပွဲအတွက်အဆင်သင့်ဖြစ်ဖို့၊ နေရာမရွေးတာဝန်ကျေကျေ တိုက်ခိုက်နိုင်ဖို့ဟာ ထိုင်ဝမ်စစ်ဝန်ထမ်းအားလုံးရဲ့ အခြေခံသဘောထားဖြစ်ကြောင်း ပြောသွားတာပါ။

ဒါ့အပြင် ထိုင်ဝမ်စစ်တပ်ဟာ ယူကရိန်းစစ်ပွဲအပါအဝင် ကမ္ဘာတလွှား စစ်ရေး ဖြစ်ထွန်းမှုအားလုံးကို အနီးကပ်စောင့်ကြည့် လေ့လာနေပြီး ဝေဖန်အကြံပြုချက်တွေကို သုံးသပ်နေတာကြောင်းလည်း ပြောပါတယ်။

ထိုင်ဝမ်စစ်တပ်ဟာ လက်နက်ကောင်းတွေတပ်ဆင်ထားပေမယ့် တရုတ်စစ်တပ်ပမာဏထက်တော့ သေးငယ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်သမ္မတ Tsai Ing-wen ကတော့ ကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေး မြှင့်တင်ပြီး ခေတ်မီအောင် လုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို လာရောက်ခဲ့ချိန်ကစပြီး ထိုင်ဝမ်တဝိုက်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထိုင်ဝမ်မှာ စစ်ရေးလေ့ကျင့်.mp3

=================

[[Unicode]]






