မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာ ၆၀၀ ကျော် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေး

ချင်းပြည်နယ် နဲ့ မီဇိုရမ်းနယ်စပ်တံတား (Photo by Sajjad HUSSAIN / AFP)

[[Zawgyi/Unicode]]

အိန္ဒိယ-မြန်မာနယ်စပ်နားမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ ကြုံရပြီးတဲ့နောက် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာဒုက္ခသည်အသစ်တွေဝင်လာကြောင်း အိန္ဒိယအာဏာပိုင်တွေ ကို ကိုးကားပြီး NDTV သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့မနက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က မြန်မာခြေလျင် တပ်ရင်း ၆၁ ကို ဗာရန်းရွာမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ဇိုးရင်ပွီးရွာနားမှာ မြန်မာဂျက်တိုက်လေယာဉ်တွေကိုလည်း တွေ့ခဲ့ကြောင်း ပြောပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပထမဆုံး ဗုံးတလုံးကျခဲ့ပြီး နောက် ၁၂ မိနစ်အကြာမှာ နောက်တလုံး၊ စုစုပေါင်း ဗုံး ၇ လုံး ကြဲခံရကြောင်းလည်း ပြောပါတယ်။ ဒီလို ဗုံးကြဲခံရမှုနောက်ပိုင်း ဗာရန်းရွာခံတွေ အိုးအိမ်စွန့်ပြီး ဘေးလွတ် ရာကို ထွက်ပြေးခဲ့ရပါတယ်။

နေ့ခင်းပိုင်းမှာတော့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး ဗာရန်းရွာသားတွေလည်း ဆက်တိုက်ထွက်ပြေးခဲ့ကြပါတယ်။ ရိက္ခာတွေ၊ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကိုပါ လှေတွေနဲ့ တင်ဆောင်ပြီး မီဇိုရမ်ပြည်နယ်ဆီ ထွက်ပြေးကြတာပါ။

စက်တင်ဘာလ ၅ ရက်နေ့ထိ စာရင်းအရ ဗုံးကြဲတိုက်ခိုက်မှုတွေနောက်ပိုင်း ဗာရန်းရွာကနေထွက်ပြေးသူ မြန်မာနိုင်ငံသား ၆၁၉ ယောက်ဟာ လိုင်တလန်းရွာနဲ့ ဇိုးချာခြားရွာတွေမှာ ခိုလှုံနေထိုင်နေပါတယ်ရှင်။

Your browser doesn’t support HTML5

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာ ၆၀၀ ကျော် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေး.mp3

------------------

[[Unicode]]






