ကန်အောက်လွှတ်တော် Republican တွေထိန်းချုပ်တော့မယ်

 ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့မှာ ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူး DeSantis က ၂၀၂၂ ခု သက်တမ်းဝက်ရွေးကောက်ပွဲပါတီကျင်းပစဉ်။ 

[[Zawgyi/Unicode]]

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေအရ အတိုက်အခံ ရီပတ်ပလင်ကန်ပါတီက အောက်လွှတ်တော်ကို နေရာအများစုနဲ့ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒါကြောင့် ရှေ့နှစ်ဆန်းမှာ လွှတ်တော်သစ်စတင်တဲ့အခါ ရီပတ်ပလင်ကန်တွေရဲ့ ဥပဒေပြဌာန်းမှုဆိုင်ရာ အစီအစဉ်တွေတိုးလုပ်လာပြီး သမ္မတဂျိုးဘိုင်ဒန်အစိုးရရဲ့ လျာထားချက်အစီအစဉ်တွေ ကျန်တဲ့သမ္မတသက်တမ်းအတွင်း အောက်လွှတ်တော်မှာ အဟန့်အတားအတော်များများ ကြုံရနိုင်ပါတယ်။

ဒါ့အပြင် ရီပတ်ပလင်ကန်တွေအနေနဲ့ သမ္မတဘိုင်ဒန်အစိုးရအဖွဲ့နဲ့ သူ့သားတယောက်ရဲ့ စီးပွားရေးဝင်ငွေတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှာ သေချာသလောက်ရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေပါတယ်။

၂၀၂၁ ဇန်နဝါရီလ ၆ ရက် လွှတ်တော်အဆောက်အဦးတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ သမ္မတဟောင်း Donald Trump ဘယ်လို ပတ်သက်လဲဆိုတဲ့ စုံစမ်းစစ်ဆေးမှုတွေမှာလည်း အောက်လွှတ်တော်ရီပတ်ပလင်ကန်တွေ လွှမ်းမိုးသွားတဲ့အတွက် တစုံတရာသက်ရောက်မှုရှိနိုင်ပါတယ်။ လွှတ်တော်သစ် စတင်တဲ့အခါ အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် ရီပတ်ပလင်ကန်အမတ် Kevin McCarty က အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမှာပါ။

ဒီမိုကရက်တွေ အများစုနေရာရခဲ့တဲ့ အထက်လွှတ်တော်မှာတော့ Republican ပါတီလူနည်းစုခေါင်းဆောင် Mitch McConnell ကို Florida ပြည်နယ်အမတ် Rick Scott ကစိန်ခေါ်ခဲ့ပေမဲ့ Mitch McConnell ပြန်လည် ပါတီလူနည်းစုခေါင်းဆောင်အဖြစ် ပြန်လည် ရွေးကောက်ခံခဲ့ရပါတယ်။

Your browser doesn’t support HTML5

ကန်အောက်လွှတ်တော် Republican တွေထိန်းချုပ်တော့မယ်.mp3

================

[[Unicode]]





