ဗြိတိန်ရဲ့ ပစ်မှတ်ထား ဒဏ်ခတ်မှုသစ်အပေါ် အမေရိကန်ကြိုဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken 

[[Zawgyi/Unicode]]

မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ယူကရိန်းအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ ရုရှားကို ထောက်ပံ့သူတွေအပေါ် ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ချမှတ်လိုက်တဲ့အပေါ် အားပေးထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတပူတင်ရဲ့ စစ်ယန္တရားဆီ စီဆင်းနိုင်တဲ့ဝင်ငွေတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေအပြင် သမ္မတပူတင်နဲ့နီးစပ်တဲ့ စစ်ဗိုလ်ချုပ်တွေ၊ ရုရှားနဲ့ မြန်မာလက်နက်ပွဲစားတွေကို ဗြိတိန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ကြောင်း ဇွန် ၁၆ ရက်နေ့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ မြန်မာ့လေတပ်အတွက် လေယာဉ်အစိတ်အပိုင်းတွေ ပံ့ပိုး ရောင်းချနေတဲ့ အဖွဲ့အစည်းတွေအပေါ် ဗြိတိန်အစိုးရက ဒဏ်ခတ်မှုသစ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဒဏ်ခတ်လိုက်တဲ့အတွက် ရုရှားရဲ့လေကြောင်းဆိုင်ရာလက်နက်ပစ္စည်းတွေကို အကြီးအကျယ် အားထားနေရတဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထားရာ ရောက်သလို စစ်လက်နက်ပစ္စည်းတွေ ရောင်းချရာက ပူတင် အကျိုး အမြတ်ရနေတာကို ဖြတ်တောက်လိုက်ရာရောက်မယ်လို့ ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စနစ်တကျ ကျူးလွန်နေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး မကြာခင်မှာ ခုလို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်တာပါ။

အခု ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ မြန်မာကုမ္ပဏီတွေကတော့ Synpex Shwe Company Ltd, Myanmar New Era Trading Company Ltd နဲ့ Sky Aviator Company Ltd တို့ ဖြစ်ကြပါတယ်။ ဒီကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းတွေ ရောင်းချနေပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း လုပ်ပေးနေလို့ ဗြိတိန်အစိုးရက ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အတွက် လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ ရောင်းနေတဲ့ ရုရှားကုမ္ပဏီ ၃ ခုကိုလည်း အရေးယူဒဏ်ခတ်လိုက်ပြီး ပူတင်ရဲ့ မဟာမိတ်တွေကို ပစ်မှတ်ထားပြီး ချမှတ်တဲ့ ပိုကျယ်ပြန့်တဲ့ ဒဏ်ခတ်အရေးမှုတွေလည်း ပါဝင်ပါတယ်ရှင်။

Your browser doesn’t support HTML5

ဗြိတိန်ရဲ့ ပစ်မှတ်ထား ဒဏ်ခတ်မှုသစ်အပေါ် အမေရိကန်ကြိုဆို

===============

[[Unicode]]







===============