ရခိုင်မှာ အရေးပါတဲ့ စစ်စခန်းတွေ ကျဆုံးသွားချိန်မှာပဲ စစ်ကောင်စီထိပ်ပိုင်း ရာထူးအချို့ အပြောင်းအလဲတွေဖြစ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA သိမ်း၊ မာနယ်ပလောလည်း KNU လက်အောက်ပြန်လည်ရောက်ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အာရက္ခတပ်တော် AA က လနဲ့ချီ ထိုးစစ်ဆင်နေတဲ့ အမ်းမြို့နယ်မှာ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တခါသုံးစွန့်ပစ်ပစ္စည်းတွေကို အလွန်အကျွံသုံးတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ လူငယ်တွေစုပေါင်းထားတဲ့ Me To Me ဆိုတဲ့ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး အဖွဲ့ကို ဦးဆောင်နေသူ ကိုဇင်မင်းထွဋ်က ပြောပါတယ်။ မခင်လေး ဆက်သွယ်စကားပြော ထားပါတယ်။
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ခေါင်းဆောင်များ ဖမ်းဝရမ်းထုတ်နိုင်ရေး ကြိုးပမ်းနေကြောင်း ICC ရှေ့နေချုပ် ပြော၊ ရခိုင်မြောက်ပိုင်း မောင်တော စစ်ကောင်စီစခန်းအားလုံးကို အာရက္ခတပ်တော် AA ထိန်းချုပ်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း တဘက်တလမ်းကလည်း ဝါသနာပါတဲ့ ဓာတ်ပုံပညာကိုဆည်းပူးခဲ့တဲ့ မြန်မာလူငယ်က ဗြိတိန်နိုင်ငံက ဓာတ်ပုံဝါသနာရှင်မဂ္ဂဇင်းနဲ့ TECNO Mobile ကုမ္ပဏီတို့ ပူးပေါင်းကျင်းပတဲ့ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ မခင်လေး ဆက်သွယ်စကားပြော ထားပါတယ်။
ကိုးကန့် MNDAA အဖွဲ့က တဘက်သတ် အပစ်ရပ်ကြောင်း ကြေညာချက် တရုတ် ကြိုဆို၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အတွက် နိုင်ငံတကာ မှန်ကန်တုံ့ပြန်ဖို့ ကုလသတိပေး၊ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဘယ်တော့မှ နောင်တမရချင်လို့ မသေခင်မှာ ကျောပိုးအိတ်တလုံးလွယ်ပြီး စွန့်စားရတဲ့ ခရီးတွေ ထွက်ချင်တယ်လို့ပြောတဲ့ ကရင်လူငယ်တဦးက မြို့ပြ အင်ဂျင်နီယာတယောက် ဘဝကို စွန့်ပြီး သူဝါသနာပါတဲ့ အတိုင်း စွန့်စားခရီးတွေ သွားနေသူပါ။ စွန့်စားခရီးသွားရတာကို ဝါသနာပါတဲ့ လူငယ်လေးကို မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
စစ်ကောင်စီအကြီးအကဲကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရှေ့နေချုပ် ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား၊ တရုတ်ကတော့ ဒါကိုဝေဖန်၊ တရုတ်နဲ့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး အစွမ်းကုန် အားပေးမယ်လို့ပြောဆို၊ KIA က အထူးဒေသ (၁) အခေါ်အဝေါ်ကို ဖျက်သိမ်း၊ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လူမှုသိပ္ပံဘာသာရပ်ကို ပညာတော်သင်ဆုအပြည်နဲ့ အောက်စဖို့ တက္ကသိုလ်မှာ မဟာဘွဲ့ရော၊ ပါရဂူဘွဲ့ကိုပါ လေ့လာနေတဲ့ ကိုသူထက်ကို သူ့လို ပညာတော်သင်ဆုအပြည့်ရဖို့ ဘယ်လို အခွင့်အလမ်းတွေ ရှိနေလဲဆိုတာကို GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
တရုတ်၊ မြန်မာ နယ်စပ် ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းထား၊ တရုတ်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတဲ့ ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဆေးလာကုနေတာလို့ တရုတ်ပြောကြား၊ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့တဲ့ ဖခင်ရဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ အမျိုးသမီးငယ်လေး မဂျူးဂျူးက မြန်မာနိုင်ငံက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ရေး ကြိုးပမ်းနေပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
MoU အလုပ်သမားများ သက်တမ်းပြည့်ရင် စစ်မှုထမ်းရမယ်ဆိုတဲ့အချက် ထည့်သွင်း၊ ရခိုင်နဲ့ ချင်းတို့မှာ တိုက်ပွဲများပြင်းထန်၊ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီကရော တရုတ်ဘက်ကပါ ကုန်စည်စီဆင်းတဲ့ လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် အရပ်သားတွေ အခက်ကြုံ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုစည်သူတို့ တင်ပြထားပါတယ်။
နိုင်ငံတကာမှာ ပညာသင်ယူဖို့ တနေ့တခြား အခက်အခဲမျိုးစုံ ကြုံနေရတဲ့ မြန်မာလူငယ်တွေအတွက် အမေရိကန်အစိုးရက စီစဉ်တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်က အခွင့်အလမ်းကောင်း တရပ် ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ရွေးချယ်ခံရဖို့ ပြင်ဆင်သင့်တာတွေနဲ့ ပတ်သက်ပြီး GenZ အစီအစဉ်မှာ မခင်လေး တင်ဆက်ထားပါတယ်။
ရခိုင်ပြည်သူတွေ အငတ်ဘေးအန္တရာယ် ရင်ဆိုင်ရဖို့ရှိဟု ကုလသတိပေး၊ တရုတ်က မြန်မာနဲ့အတူ တွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း တရုတ်ဝန်ကြီးချုပ် စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံစဉ်ပြော၊ KIA က တရုတ်၊ မြန်မာနယ်စပ်ဒေသတွေကို ထိန်းချုပ်ဟု ကြေညာစသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲအတွက် ၂ ဘက် အကြိတ်အနယ်ပြိုင်ဆိုင် မဲဆွယ်နေကြပြီး အမေရိကန်လူငယ် Gen Z မျိုးဆက်တွေရဲ့ မဲတွေကလည်း ရွေးကောက်ပွဲရလဒ်ကို သက်ရောက်နိုင်တဲ့ အနေအထားရှိပါတယ်။ GenZ တွေရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သဘောထားတချို့ကို GenZ အစီအစဉ်မှာ မခင်လေး တင်ဆက်ထားပါတယ်။
မြန်မာအကြမ်းဖက်မှု အဆုံးသတ်ဖို့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်း ဖွင့်ရန် ကုလအထူးသံတမန် Julie Bishop ပြောကြား၊ ပဋိပက္ခရဲ့ ဇစ်မြစ်ဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တုံ့ပြန်၊ နိုင်ငံတကာ ဒဏ်ခတ်မှုအသစ်တွေ ကြေညာ၊ စသည်တပတ်အတွင်း သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကမ္ဘာမှာ အရှိန်အဝါ ကြီးမားတဲ့ အောက်စဖို့တက္ကသိုလ်ဆိုတဲ့ နာမည်ကြားလိုက်တာလို့ လန့်မသွားဘဲ ယုံကြည်မှုအပြည့်နဲ့ ပညာသင်ဆု ကြိုးစားလျှောက်ထားသင့်တယ်လို့ လက်ရှိ အောက်စဖို့တက္ကသိုလ်မှာ ပညာတော်သင်ဆုအပြည့်နဲ့ MBA မဟာဘွဲ့ တက်နေတဲ့ မကြည်သာဆွေက ပြောပါတယ်။ မခင်လေး GenZ ပရိသတ်အတွက် ဆက်သွယ်စကားပြောထားပါတယ်။
စစ်ကိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်း၊ နေအိမ် မီးရှို့မှုတွေနဲ့ ဒေသခံ ဆယ်ဂဏန်းသေဆုံးရ၊ ရခိုင်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ဆိုးရွားတဲ့ စစ်ဘေးနဲ့ ရင်ဆိုင်ရ၊ စသည်တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်လို့ ကျောင်းလျှောက်တဲ့သူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ "ချိတ်" The Hook ဆိုတဲ့ အဖွဲ့လေးကို တည်ထောင်ထားတယ်လို့ အမေရိကန်ထိပ်တန်း တက္ကသိုလ်တွေမှာ ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားလူငယ်တွေက ပြောပါတယ်။ မခင်လေး GenZ ပရိသတ်အတွက် ဆက်သွယ်စကားပြောထားပါတယ်။
သောင်းကျန်းသူတွေကို ဆက်လက်နှိမ်နင်းမယ်၊ လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာတွေ မလိုက်လျောဟု စစ်ကောင်စီခေါင်းဆောင် ပြောကြား၊ စစ်တွေ မြို့ရွာတွေမှာ မူဆလင်ဒုက္ခသည်တွေ အဖမ်းအဆီးနဲ့ လုံခြုံရေး အခက်အခဲတွေနဲ့ ကြုံ၊ စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်