အနာဂတ်မှာ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ဆီက စစ်ရေး အထောက်အပံ့တွေ မရတော့မှာကို ယူကရိန်း တာဝန်ရှိသူတွေက စိုးရိမ်ကြောင်းပြောနေပါတယ်။ ပိုပြီး အင်အားကြီးတဲ့ ရုရှားတပ်တွေကို ဗဟာဗျုဟာအရ အသာစီး ရစေဖို့ ခေတ်မီ လက်နက်တွေအပါအဝင် ထပ်တိုးအကူအညီတွေ လိုနေတဲ့အကြောင်း ယူကရိန်းတပ်မှူးတွေက ပြောနေတာပါ။
အုပ်စုလိုက် ဒရုန်းတွေ နဲ့ မြေပြင်က စက်ရုပ်တွေကို တပြိုင်တည်း လူတယောက်တည်းက အလွယ်တကူ ထိန်းချုပ်လို့ရနေပြီလို့ အမေရိကန် စစ်တပ်က ပြောပါတယ်။ ဒီနည်းပညာဟာ အရပ်ဖက်သုံးတွေမှာလည်း အကျိုးရှိစေမှာ ဖြစ်တဲ့အကြောင်း Julie Taboh က သတင်းပေးပို့ထားတာပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နယူးယောက်မြို့ ရှားပါးစာအုပ်ပြပွဲမှာ လူ့အရေပြားကို အဖုံးလုပ် ချုပ်ထားတဲ့စာအုပ် ဒေါ်လာ ၄ သောင်းခွဲနဲ့ ရောင်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အများသုံး အိမ်သာတွေကို လည်ပတ်နိုင်တဲ့ ခရီးသွားအစီအစဉ်ရှိ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ရှေးဟောင်းဂန္တဝင်ကားတွေကို လျှပ်စစ်ကားအဖြစ်ပြောင်းလဲတာတွေများလာပေမဲ့ လူတိုင်းက လက်ခံနိုင်သေးတာတော့မဟုတ်ပါဘူး။ မူရင်းဓာတ်ဆီအင်ဂျင်အဖြစ်နဲ့ပဲ ဆက်ထိန်းသိမ်းထားသင့်တယ်လို့ ပြောဆိုတဲ့သူတွေရှိသလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လျှပ်စစ်ကားအဖြစ်ပြောင်းသင့်တယ်လို့ ဆွေးနွေး ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။
အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်တဲ့ အကြိမ်ရေ အများဆုံး အမျိုးသား နောက်ထပ်ရွေးကောက်ပွဲ ဝင်ဖို့ရှိ၊ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ချယ်ရီပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ အွန်ကို မစင်တုံး ပြတိုက်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ်က ဆက်သွယ်ရေးအရ အရေးပါတဲ့ ဟန်ထက်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး ဒေသတွင်းက အရပ်သားပြည်သူတွေကတော့ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေကြရပါတယ်။
ဒီနှစ်က တောင်အာဖရိအတွက် အရေးကြီးတဲ့ နှစ်တနှစ်ပါ။ တိုင်းပြည်အနေနဲ့ ဒီမိုကရေစီစနစ်ကို စတင်ခဲ့တာ အနှစ် ၃၀ ပြည့်တဲ့ နှစ် ဖြစ်သလို ရွေးကောက်ပွဲ နှစ်လည်း ဖြစ်တာကြောင့် အပြင်းအထန် ပြိုင်ဆိုင်မှုတွေလည်း ဖြစ်မှာပါလို့ လေ့လာသူတွေက ပြောပါတယ်။
ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ လူကို ဝက်ကျောက်ကပ်နဲ့ အစားထိုးခွဲစိတ် ကုသအောင်မြင်၊ ဦးနှောက်ထဲ ထည့်ထားတဲ့ ကွန်ပျုတာချစ်ပ်ပြားနဲ့ ထိန်းချုပ်ပြီး အင်တာနက်ပေါ်မှာ စစ်တုရင် ကစား၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့ တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းပေါင်း ၆၀ နီးပါးကို စစ်ကောင်စီတပ်နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သုံးရက်ကြာ ဖမ်းဆီးခဲ့တာမှာ လူပေါင်း ၃၀၀ နီးပါးဖမ်းဆီးမိထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းကို ရုရှားကျုးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အနောက်နိုင်ငံတွေ အနေနဲ့ ရုရှား နဲ့ စီးပွားရေး ဖြတ်တောက်ဖို့ ကြိုးပမ်းနေပေမဲ့လည်း ရုရှားရဲ့ နျူကလီးယား လောင်စာအပေါ် မှီခိုနေရဆဲပဲလို့ ဗြိတိသျှ တော်ဝင် သုတေသီ အဖွဲ့ က သုံးသပ်ချက်တခု ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ထဲ ရွှေ့ပြောင်းအခြေချသူတွေကို အမြန်စီစစ်နိုင်ဖို့အတွက် ယာယီစင်တာတွေကို အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနက တည်ထောင်ထားပါတယ်။ တက္ကဆက်ပြည်နယ် El Paso မြို့မှာ ပြီးခဲ့တဲ့ နှစ်က ဖွင့်လှစ်ခဲ့တဲ့ ယာယီစင်တာတခုကို ဗွီအိုအေ သတင်းထောက် Cesar Contreras ကိုယ်တိုင်သွားရောက်သတင်းယူထားပါတယ်။
လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အမျိုးသမီးကျန်းမာရေး နဲ့ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးတွေကို အဓိက အကြောင်းအရာအဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဦးစားပေး စည်းရုံးနေပါတယ်။
ယူကရိန်းက စစ်သားတယောက် ရွှံ့တွေ ပြာမှုန့်တွေ ကိုသုံးပြီး ပန်းချီကားတွေ ဖန်တီး၊ ထိုင်းမှာ ဒေါ်လာ ၅ သိန်း တန် ကျွဲဖြူကြီးတကောင် ဝန်ကြီးချုပ်ရုံးခန်း အလည်လာ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဂါဇာကမ်းမြှောင်မှာ အစ္စရေးက ဟားမက်စ် အဖွဲ့ကို စစ်ရေး အရတိုက်ခိုက်နေတဲ့အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ တိုးလာနေတဲ့အချိန်မှာ ဧဝံဂေလိ ခရစ်ယာန် ဘာသာဝင် တွေဟာ အစ္စရေးနိုင်ငံကို သွားရောက်လည်ပတ်ပြီး သူတို့ရဲ့ ထောက်ခံမှုကို ပြသနေပါတယ်။
ကမ္ဘောဒီးယားမှာ သတို့သမီး ချီပိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုးဖို့ လူအများကြီး စုဝေးပါဝင်၊ အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုဝေဒနာကို အမျိုးသားတွေ စာနာနိုင်အောင် လုပ်ပေးတဲ့ ဂျပန်က စက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မိုးပျံဂျက်ဝတ်စုံဝတ်ပြီး ပျံသန်းရတဲ့ ကမ္ဘာ့ပထမဦးဆုံးပြိုင်ပွဲ ဒူဘိုင်းမှာ ကျင်းပ၊ အာဂျင်တီးနား ဘောလုံးသမား မက်ဆီ ၁၃ နှစ်အရွယ် ဘာစီလိုနား ဘောလုံးအသင်းမှာ ကစားဖို့ လက်သုတ်စက္ကူပေါ်က သဘောတူစာချုပ် လေလံတင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ နဲ့ အနီးတဝိုက်မှာ KNLA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ မနေ့က မတ်လ ၇ ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်မှုကြောင့် ကင်ဆာရောဂါသည် ကလေးငယ်တွေမှာ ပိုပြီးဒုက္ခရောက်ရပါတယ်။ အမေရိကန်ပြည်ထောင်စုက St. Jude ကလေးသုတေသနဆေးရုံနဲ့ ယူကရိန်းပရဟိတအဖွဲ့တခုပူးပေါင်းပြီး ယူကရိန်းကလေးငယ်တချို့ ဆေးကုသခွင့်ရအောင် ကူညီပေးနေတဲ့အကြောင်း Iryna Shynkarenko ရဲ့သတင်းကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
ဂျပန်မှာ အမျိုးသမီးတွေ ပထမဦးဆုံးအကြိမ် ပါဝင်ဆင်နွှဲတဲ့ ကိုယ်လုံးတီးပွဲတော်ကျင်းပ၊ ခရိုအေးရှားမှာတော့ အမျိုးသမီး တဦးက ရေခဲပြင်အောက် မီတာ ၁၄၀ အနက် အထိ ဘာအထောက်အကူမှ မပါဘဲ အလွတ်ရေငုပ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အွန်လိုင်းကနေ အကောင့်တုတွေနဲ့ ချစ်ခင်ဟန်ဆောင်ပြီး ရင်းနှီးမြုပ်နှံမှု အတုတွေလုပ်ခိုင်းတဲ့ လိမ်လည်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စု မှာလည်း ဘဝပျက်ထိခိုက်ရသူတွေ သောင်းနဲ့ ချီရှိနေပြီလို့ အမေရိကန် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးဗျုရို FBI က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်