Trumpက ထိုင်ဝမ်သမ္မတ Tsai Ing-Wen ဖုန်းဆက်တာကို လက်ခံစကားပြောခဲ့တဲ့အကြောင်း ဒီရက်ပိုင်းအတွင်း ကြေညာလိုက်တဲ့အတွက် အားလုံးအံအားသင့်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ အာရှသံတမန်ရေးမူဝါဒကို ပြန်ပြင်ဖို့ ရည်ရွယ်ချက် ရှိမရှိ စောင့်ကြည့်နေကြတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြမှာပါ။
ဆန္ဒပြပွဲတွေအတွင်းအမေရိကန်အလံကိုမီးရှို့တဲ့သူတွေကိုအရေးယူမယ်လို့ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ပြောဆိုချက်ကိုအိမ်ဖြူတော်ကပယ်ချလိုက်ပါတယ်။အမေရိကန်မှာအလံမီးရှို့တာကို လွတ်လပ်စွာထုတ်ဖေါ်ခွင့်အဖြစ် ၉၈၉ ခုနှစ်မှာတရားရုံးချုပ်ကအမိန့်ချမှတ်ထားတာပါ။ Zlatica Hoke ရဲ့သတင်းကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
ပြီးခဲ့တဲ့တပတ် ကျေးဇူးတော်နေ့ အားလပ်ရက်ကာလမှာ ရွေးကောက်ခံ သမ္မတ Donald Trump ဝန်ကြီးအဖွဲ့ရွေးချယ်မှု နှေးသွားခဲ့ပေမယ့် ဒီသတင်းပတ်အတွင်း ထပ်ပြီးကြေညာမယ်လို့မျှော်လင့်တဲ့အကြောင်း Michael Bowman ပေးပို့တဲ့သတင်း ဦးသိန်းထိုက်ဦး ကတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု သတင်းတွေ၊ လုံခြုံရေး အဖွဲ့တွေရဲ့ တာဝန်ယူမှု အခြေအနေပေါ် နိုင်ငံတကာက အာရုံစိုက်နေတဲ့အချိန်မှာပဲ လက်ရှိ ရဲတပ်ဖွဲ့ကို အင်အား ဖြည့်တင်းဖို့ အရပ်သား ၁၁၀ ကျော်ကို အရံရဲတပ်ဖွဲ့ဝင်တွေ အဖြစ် ရက်တို သင်တန်းပေးပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေက လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းလိုက်တာပါ။
ရွေးကောက်ပွဲ ပြီးသွားပြီးတဲ့နောက် အမေရိကန်တဝှမ်း ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေ၊ ဂျုးဘုရားကျောင်းတွေမှာ တိုင်းပြည်အနာဂတ်အတွက် ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပနေပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုသူတွေရော၊ ဆန့်ကျင်သူတွေပါ ပါဝင်တဲ့အကြောင်း Carolyn Presutti သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အင်တာနက်လွတ်လပ်ခွင့်ဆက်တိုက်ကျဆင်းနေကြောင်း Freedom House အဖွဲ့ကြီးက အစီရင်ခံစာထုတ်ပြန်ပါတယ်။ ၂၀၁၅ က ၂၀၁၆အတွင်း လူမှုသတင်းကွန်ယက်တွေနဲ့ အပြန်အလှန်ပေးပို့ ရေးသားချက်တွေအပေါ် အစိုးရတွေရဲ့ စောင့်ကြည့်မှုနည်း တိုးလာတယ်လို့ ဆိုပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တာမို့ အိမ်ဖြူတော် ပန်းတိုင်ဆီသို့ ရွေးကောက်ပွဲ အထူးအစီစဉ်တွေကို ထုတ်လွှင့်ပေးသွားမှာပါ။
ရီပတ်ဗလစ်ကန် ပါတီ သမ္မတလောင်းကုဋေကြွယ်သူဌေးကြီး Donald Trump တရားဝင် ထုတ်ဖေါ်ပြသဖို့ ငြင်းဆိုနေတဲ့ သူ့ရဲ့ ဝင်ငွေခွန်စာရင်း တစိတ်တပိုင်းလို့ ယုံကြည်ရတဲ့ အချက်အလက်တွေကို The New York Times သတင်းစာက လက်ခံရရှိခဲ့ကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အာရှပစိဖိတ်ဒေသ နိုင်ငံတွေအကြား တင်းမာမှုတွေ တိုးလာနေချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး ကာတာ ဟာ အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေကို တွေ့ဆုံဖို့ Hawaii ကျွန်းကို ရောက်နေပါတယ်။ အာရှပစိတ်ဖိတ်ဒေသတွင်း အလေးထား စိုးရိမ်နေရတဲ့ ကိစ္စတွေအကြောင်း Carla Babb သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်ကို လာမယ့် အောက်တိုဘာ(၁)ရက်နေ့ သာကြာနေ့ည သန်းခေါင် နောက်ဆုံးထား အတည်ပြုရမှာဖြစ်ပေမယ့် အခုအထိတော့ ဒီမိုကရက်တွေနဲ့ ရီပတ်ဗလစ်ကန်တွေအကြား ဘာသဘောတူညီမှုမှ မရသေးတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
ဒီမိုကရေစီနိုင်ငံတွေက စစ်တပ်တွေနဲ့ မြန်မာစစ်တပ်အကြား တပ်အချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုတိုးလာဖို့ လိုလားတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Asia Society တွေ့ဆုံပွဲမှာ ပြောဆိုသွားပါတယ်။ ဆွေးနွေးပွဲအတွင်း ပြောဆိုချက်တွေထဲကတချို့ကို ဦးသိန်းထိုက်ဦး ကောက်နုတ်တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေးမှာ သဘောမတူတာတွေ ရှိပေမယ့် လည်း မိတ်ဆွေကောင်းပီပီ မြန်မာနိုင်ငံအကျိုးအတွက် ဆက်လက်ပံ့ပိုးကူညီဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မနက်က အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေကို တွေ့ဆုံပြီး နေ့ခင်းပိုင်းမှာတော့ ဝါရှင်တန် ဒီစီမြို့တော်က Theodore Roosevelt အထက်တန်းကျောင်းကို သွားပြီးတော့ ကျောင်းသားတွေနဲ့ တွေ့ဆုံပါတယ်။ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံကြဖို့ အမေရိကန် စီးပွားရေးကုမ္ပဏီတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုကင်းတဲ့၊ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်ဖို့ကိုလည်း ကြာသပတေးညက ဝါရှင်တန်ဒီစီမြို့တော်မှာ အာဆီယံ စီးပွားရေးကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲအတွင်း ပန်ကြားသွားပါတယ်။ ညစာစားပွဲမှာ သတင်းသွားယူတဲ့ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ တချိန်တည်းမှာ အကျင့်ပျက် လဘ်စားမှုကင်းတဲ့ မှန်ကန်တဲ့ စီးပွားရေး ကျင့်ဝတ်တွေ အားကောင်းခိုင်မာအောင် ကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ အစည်းအဝေးမှာ ပန်ကြားသွားခဲ့တာပါ။
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံဖို့ ကန်ကုမ္ပဏီတွေကို ဖိတ်ခေါ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် တတိယမြောက်နေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကူအညီပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး ကျေးဇူးတင်စကားပြောကြားရင်း မပြီးဆုံး သေးတဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဆက်လက် ကူညီကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။
CSIS က မြန်မာ့အရေးဆွေးနွေးပွဲ
"ဘယ်လို ဆုံးဖြတ်ချက်ပဲချချ ဆွေးနွေးချက်တွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဦးဆောင်တဲ့အစိုးရရဲ့ အကြံပေးချက်တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"
အစ္စလာမ် ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးကြီးတဲ့ Eid al-adha အစ်ပွဲတော်ကို ကမ္ဘာတဝှမ်း ကျင်းပနေချိန်မှာပဲ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာရှိတဲ့ မူဆလင်တွေလည်း အစ်ပွဲတော် ဆင်နွဲကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေမှာ အမျိုးသားလုံခြုံရေးကိစ္စတွေ လွှမ်းမိုးနေချိန်မှာပဲအမေရိကန်ပြည်သူတွေဟာစက်တင်ဘာ၁၁ရက်အကြမ်းဖက်တိုက်ခိုက်ခံရမှု၁၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား ကျင်းပခဲ့ကြတဲ့အကြောင်း MichaelBowmanသတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်