မြန်မာ့ပြည်တွင်းစစ်တွေမှာသာမက ယူကရိန်းအထိပါ သွားရောက် လုပ်ဆောင်နေတဲ့ Free Burma Rangers အဖွဲ့အကြောင်းကို ယူကရိန်း နဲ့ မြန်မာ လွတ်မြောက်ရေး တိုက်ပွဲ နှိုင်းယှဉ် ချက်အစီအစဉ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး ပေါ်ပေါက်နေချိန်မှာ ယူကရိန်းနိုင်ငံမှာလည်း ရုရှားရဲ့ ကျုးကျော်စစ်ကို ဆန့်ကျင်တဲ့ စစ်ပွဲတွေ ဆင်နွဲနေပါတယ်။ လူငယ်နှင့် အမျိုးသမီး ပါဝင်မှု ကဏ္ဍ ၂ နိုင်ငံ အခြေအနေ နှိုင်းယှဉ်ချက် ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ယူကရိန်းစစ်ပွဲအတွင်း သတင်းထောက်တွေ သေကြေရသလို၊ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေကြားက သတင်းထောက်တွေရဲ့ အခန်းကဏ္ဍ မြန်မာနဲ့ ယူကရိန်း ၂ နိုင်ငံ အခြေအနေ နှိုင်းယှဥ်ချက်ကို ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
နိုင်ငံတကာရဲ့ အကူညီ အထောက်ပံ့ နည်းပါးတဲ့ မြန်မာနွေဦးတော်လှန်ရေး စစ်ပွဲတွေဟာ ကာလကြာလာတဲ့ အမျှ ကာကွယ်ရေး ရန်ပုံငွေနဲ့ လူသားချင်းစာနာမှုအကူညီတွေ ပိုပြီးလိုအပ်နေပါတယ်။ အမေရိကန်က ယူကရိန်းစစ်ပွဲအတွက် အကူအညီတွေ ဘီလျံနဲ့ချီ ပေးနေတဲ့အခြေအနေ နှိုင်းယှဥ်ချက် အစီအစဉ် အပိုင်း ၄ ကို ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်ကော၊ နည်းပညာကော အားပေးထောက်ခံနေတဲ့ ရုရှားဟာအာဏာသိမ်းစစ်တပ်က ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို ဘာကြောင့် ပြန်ပြီးတော့ အသုံးပြုနေရသလဲ။ ယူကရိန်း မြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက် အစီအစဉ် အဖြစ် ဟောင်ဆာက တင်ဆက်ပေးထားပါတယ်။
ရုရှားကျုးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံနဲ့ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လှုပ်ရှားမှုအကြား တူညီချက် ကွဲလွဲချက်တွေကို နိုင်းယှဉ်တဲ့ အပတ်စဉ် အစီအစဉ်တခုကို တင်ဆက်ပေးချင်ပါတယ်။ VOA မြန်မာပိုင်း အစီအစဉ်အတွက် ဟောင်ဆာက တင်ဆက်ပေးထားပါတယ်။