စက်တင်ဘာ ၁၃ရက်နေ့က စတင်ခဲ့တဲ့ လန်ဒန်ဖက်ရှင်သီတင်းပတ်မှာတော့ ဆန္ဒပြသူတွေဟာ သူတို့ကိုယ်သူတို့ အမဲရောင်အကျိအချွဲတွေနဲ့ လိမ်းကျံပြီး ဖက်ရှင်ဈေးကွက်မှာ တိရစ္ဆာန်သားရေတွေအသုံးပြုနေမှှုကို ဆန့်ကျင်ကြောင်းပြခဲ့ပါတယ်။ #voaburmese #voasocial
ဒါကတော့ မြင်နေကျမဟုတ်တဲ့ နှိပ်နည်းတစ်မျိုးပါ။ အီဂျစ်မှာတွေ့ရတဲ့ မီးနဲ့နှိပ်တဲ့ နှိပ်နည်းဖြစ်ပါတယ်။ အနှိပ်ခံသူရဲ့ ကိုယ်ပေါ်မှာ အရက်ဆွတ်ထားတဲ့ အဝတ်ကို တစ်မိနစ်လောက် မီးလောင်အောင်ထားပြီးမှ ရေစိုအဝတ်နဲ့ ပြန်ငြှိမ်းသတ်ပါတယ်။ မီးအပူက ခန္ဓာကိုယ်ထဲက ရေငွေ့ကိုစုပ်ယူဖို့အတွက်လို့ဆိုပါတယ်။ #voasocial #voaburmese
အဆောက်အဦးတခုထဲ သေနတ်သမားဝင်ပစ်တဲ့အခါ ဖြစ်လာနိုင်ခြေတွေကိုတွက်ဆပြီး အဲ့ဒီအဆောက်အဦးရဲ့ ဒီဇိုင်းရေးဆွဲနိုင်ဖို့ ပညာရှင်တွေက ကြိုးစားနေကြပါတယ်။ ဒီဗွီဒီယိုထဲမှာ အကြမ်းဖက်လုပ်ရပ်ပုံစံ သရုပ်ပြချက်တချို့ ပါဝင်တာကို ကြိုတင်သတိပေးချင်ပါတယ်။ Elizabeth Lee ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံနိုင်တဲ့ နိုင်ငံတွေအနေနဲ့ စီးပွားရေး အားကောင်းပြီး လူမှုရေးတည်ငြိမ်မှု ရှိလာဖို့အတွက် အထောက်အကူ ပြုနိုင်တယ်လို့ အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ယုံကြည်ထားပါတယ်။ ဒီကော်မရှင်ရဲ့ ရပ်တည်ချက်နဲ့ ဆောင်ရွက်ချက်တွေအကြောင်း မူဝါဒရေးရာ ဗွီအိုအေအယ်ဒီတာအာဘော်ကို တင်ပြထားပါတယ်။
အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ ခဟာ အာကာသထဲ လူတွေမလွှတ်တာ အချိန်အတော်ကြာပြီဆိုပေမဲ့လည်း ဒီအခြေအနေဟာ မကြာခင် ပြောင်းလဲလာတော့မယ် ဆိုတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Kane Farabaugh ရဲ့ ဆောင်းပါးကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
အမေရိကန်အာကာသအေဂျင်စီ နာဆာက ဒီသမိုင်းဝင်ဖြစ်ရပ်ကို ကျင်းပတဲ့အနေနဲ့ Apollo 11 အာကာသယာဉ်ရဲ့ တိုက်ရိုက်ဆက်သွယ်ထိန်းချုပ်ခဲ့တဲ့အခန်းကို ပြန်လည်ပြင်ဆင်ပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။ အခုအခါမှာ ပြတိုက်အဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် အဲဒီအခန်းကို ၁၉၆၉ခုနှစ်ကအတိုင်း ထပ်တူဖြစ်အောင် ပြင်ဆင်ပြသထားတာဖြစ်ပါတယ်။
သိပ္ပံပညာစွမ်းပကားနဲ့အတူ လူသားရဲ့ မဆုတ်မနစ်ကြိုးစားတတ်တဲ့ ဇွဲလုံ့လကြောင့် Apollo 11 အာကာသယာဉ် လပေါ်ကို ရောက်ခဲ့တာ ဇူလိုင်လ ၁၆ ရက်နေ့မှာ နှစ်(၅၀) ပြည့်ပြီဖြစ်ပါတယ်။ Penelop Poulou ရဲ့ သတင်းလွှာကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပေးပါမယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ တတိယအကြိမ်တွေ့ဆုံမှုအပေါ် အကောင်းမြင်သူတွေရှိသလို ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Zlatica Hoke ရဲ့ သတင်းလွှာကို ကိုဝင်းခန့်မောင် ပြောပြပေးမှာပါ။
မီတာ(၉၀)အမြင့်ရှိပြီး အသုံးမပြုတော့တဲ့ အအေးခံအခေါင်းတိုင်ကြီးတစ်ခုကို ပိုလန်နိုင်ငံ Będzin မြို့မှာ မေလ(၁၀)ရက်နေ့က ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ ကီလိုဂရမ်(၂၀၀)လောက်ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့ရပါတယ်။ သူ့အရင် အလားတူအခေါင်းတိုင်(၃)ခုကိုလည်း ဒီနှစ်အစောပိုင်းမှာ အခုလိုဖြိုချခဲ့တာပါ။
ကမ္ဘာ့ကြိုးတန်းလျှောက်ပွဲ
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာတဲ့အတွက် သတင်းလွတ်လပ်ခွင့်အတွက် အောင်မြင်မှုတခုအဖြစ် အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုကြပါတယ်။ ကိုဝင်းခန့်မောင် တင်ပြပါမယ်။
အင်္ဂလန်က ကားအခုန်ပြိုင်ပွဲ
နိုင်ငံတော်သမ္မတအမိန့်နဲ့ လွတ်မြောက်လာသူတွေထဲ ရိုက်တာသတင်းထောက်နှစ်ဦးပါဝင်
ရုရှားလေကြောင်းလိုင်း Aeroflot ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက မော်စကိုမြို့ Sheremetyevo လေဆိပ်မှာ အရေးပေါ် ပြန်လည် ဆင်းသက်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ(၄၀) သေဆုံးသွားကြောင်း မော်စကိုကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ #voasocial #voaburmese သတင်းအပြည့်အစုံ - https://tinyurl.com/y3w39ayn
မနီလာမြို့ထဲသောင်တင်နေတဲ့ ဝေလငါးကြီး
အိန္ဒိယရွေးကောက်ပွဲ နာမည်ကြီးတွေ မဲလာပေး
အိန္ဒိယ လက်လုပ်အမွှေးတိုင်လုပ်ငန်း ဝယ်လိုအားမြင့်တက်
မျိုးတုံးလု လိပ်မျိုးစိတ် ကမ္ဘောဒီးယားမှာ ပြန်လွှတ်
သြစတီးယားက နှင်းလျှောအခုန်ပြိုင်ပွဲ
လူ ၃၅၉ ဦးသေဆုံးခဲ့တဲ့ သီရိလင်္ကာနိုင်ငံ အီစတာပွဲတော်တိုက်ခိုက်မှုတွေထဲက ဗုံးခွဲသူလို့ သံသယရှိခံရသူပါတဲ့ ဗီဒီယိုဖိုင်ကို တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။ cctv ဗီဒီယိုထဲမှာ ကျောပိုးအိတ်လွယ်ထားသူဟာ Negombo မြို့ က ဝတ်ပြုဆုတောင်းသူတွေနဲ့ပြည့်နေတဲ့ ခရစ်ယာန် ဘုရားကျောင်းထဲကို ဝင်လာနေတာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်