ငရဲတွင်းထဲဆင်းသက်ခဲ့တဲ့ ပထမဆုံးလေ့လာရေးအဖွဲ့
ကမ္ဘာကျော်ဂန္တဝင်ဘောလုံးသမားကြီး ပီလီ စက်ဘီးစီးလေ့ကျင့်ခန်းဆင်းနေတဲ့ ဗီဒီယိုကို သူ့ရဲ့ Instagram လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ အသက် ၈၀အရွယ် ပီလီဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာကြောင့် သောကြာနေ့က အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူခံရပြီး အခုအချိန်မှာ အခြေအနေတည်ငြိမ်နေပြီလို့ ဆေးရုံကပြောပါတယ်။
ဟေတီရွှေ့ပြောင်းအခြေချသူတွေကို အမေရိကန်က နေရပ်ပြန်ပို့
ဂျူးလူမျိုးတို့ရဲ့ နှစ်စဉ် ဥပုသ် Yom Kippur ကာလအတွင်း အစ္စရေးနိုင်ငံထဲက လမ်းတွေကို ဝေဟင်ကနေရိုက်ကူးထားတာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကားတွေနဲ့ပြည့်နက်နေတဲ့ အဝေးပြေးလမ်းမကြီးတွေကို ၂၅နာရီကြာ ဥပုသ်ကာလအတွင်း အခုလိုတိတ်ဆိတ်ခြောက်ကပ်နေတာကို တွေ့ရပါတယ်။
စက်တင်ဘာလ ၁၅ရက် ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောကတဆင့် ပဲ့ထိန်းတပ် ဒုံးကျည်ကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပါတယ်။ ဒါဟာ မြောက်ကိုးဘက်က အဲဒီနေ့မှာပဲ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ပြီးနောက် နာရီပိုင်းအကြာမှာ ပြုလုပ်ခဲ့တာပါ။
အာဂျင်တီးနားနိုင်ငံ Puerto Madryn မြို့ ကမ်းခြေမှာ လှေလှော်နေသူတဦးအနား ဝေလလေးတကောင်လာပြီး ကစားနေတာကို ဒရုန်းကနေတဆင့် မှတ်တမ်းရိုက်ယူနိုင်လိုက်ပါတယ်။ ဒီရာသီဟာ သူတို့ရဲ့ နေရာပြောင်းရွှေ့ကျက်စားတဲ့အချိန်ဖြစ်လို့ အခုလိုကမ်းခြေတွေအနီးမှာ မြင်ရတာကြောင့် ဒေသခံတွေရော ခရီးသွားတွေအတွက်ပါ ဆွဲဆောင်မှုဖြစ်နေပါတယ်
အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်တဲ့ ကန်ဒုသမ္မတ မြန်မာနိုင်ငံ အကြမ်းဖက်မှုတွေကို ရှုတ်ချ၊ အာဆီယံအသင်းက မြန်မာ့အရေး ဝိုင်းဝန်းဖြေရှင်းပေးမယ့် အခြေအနေ၊ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ ဒီလို တပတ်အတွင်း သတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် ဆက်ပြောပြပါမယ်။
ခရိုင်းမီးယားဒေသ မြောက်ပိုင်းကမ်းခြေတွေပေါ် ထောင်နဲ့ချီတဲ့ ရေခူ (Jellyfish) တွေ သောင်တင်နေတာကို သြဂုတ်လ ၂၅ရက် နေ့ကတွေ့ရတာပါ။ သြဂုတ်လထဲ အခုလိုဖြစ်စဉ်ဟာ မြင်နေကျဖြစ်ပြီး မထူးဆန်းပေမယ့် ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ Azov ပင်လယ်အတွင်း အငန်ဓါတ်တိုးလာမှုကြောင့် အကောင်ရေပိုများများ တွေ့လာရတယ်လို့ သိရပါတယ်။
အာဖဂန်မြို့တော် ကဘူးလ်လေဆိပ်အပြင်ဘက် သြဂုတ်လ ၂၆ရက်နေ့ အသေခံဗုံးဖောက်ကွဲမှုမဖြစ်ခင် ၂နာရီလောက်အလိုမှာ တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ အမေရိကန် တပ်သား ၁၃ ဦးအပါအဝင် စုစုပေါင်းလူ ၈၅ဦးသေဆုံးခဲ့ရတယ်လို့သိရပြီး ဒီဖေါက်ခွဲတိုက်ခိုက်မှုကို သူတို့လက်ချက်ဖြစ်ကြောင်း IS စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပါတယ်။
တာလီတွေ အာဖဂန်နစ္စတန်တနိုင်ငံလုံးနီးပါးထိန်းချုပ်ပြီးချိန် လူတွေထောင်နဲ့ချီနိုင်ငံကိုစွန့်ခွာဖို့ ကဘူးလ်မြို့လေဆိပ်ကိုရောက်ရှိနေချိန်မှာပဲ လေဆိပ်ရဲ့ Abbey ဂိတ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
နိုင်ငံကထွက်ခွာလိုတဲ့ ထောင်နဲ့ချီ အာဖဂန်နိုင်ငံသားတွေ မြို့တော်ကဘူးလ်လေဆိပ်မှာ အခုလိုစောင့်ဆိုင်းနေကြရတာကို သြဂုတ်လ ၂၄ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။
အငြင်းပွါးစရာဖြစ်နေတဲ့ ထိုင်ဝမ် ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို သမ္မတ Tsai Ing-wen တနင်္လာနေ့မှာ ပထမဆုံးထိုးနှံခဲ့ပါတယ်။ ပြည်သူတွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့နေ့မှာပဲသမ္မတ Tsai Ing-wen ခုလို ပထမဆုံးဆေးထိုးခံခဲ့တာပါ။
▶️ သြဂုတ်လ ၁၇ရက် အင်္ဂါနေ့က ကဘူးမြို့နိုင်ငံတကာလေဆိပ်မှာ ကလေးငယ်နဲ့အမျိုးသမီးတွေကို တံတိုင်းဖြတ်ကျော်ဖို့ အမေရိကန်စစ်သားများက ကူညီပေးနေတာကို တွေ့ရပါတယ်။ ကဘူးမြို့တော်ကို တာလီဘန်တွေသိမ်းပိုက်အပြီး လေဆိပ်မှာ တနင်္လာနေ့ကတည်း နိုင်ငံကထွက်ခွာဖို့ လူထောင်နဲ့ချီစုဝေးနေကြတာဖြစ်ပါတယ်။
တရုတ်ပြည်မှာ ၁၉၇၉ ခုနှစ်ကတည်းက တအိမ်ထောင်ကလေးတယောက်ပဲယူခွင့်ရှိတဲ့ မူဝါဒ တရုတ်ကွန်မြူနစ်ပါတီက ချမှတ်ခဲ့ပြီး နှစ်ပေါင်း ၃၅နှစ်အကြာမှာတော့ ဒီပေါ်လစီရဲ့ အကျိုးသက်ရောက်မှုကို မြင်တွေ့လာရတာကြောင့် ပြုပြင်ပြောင်းလဲမှုတွေလုပ်လာရပါတယ်။ ဒီအကြောင်း ကိုဝင်းခန့်မောင်က ပြောပြပေးထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်သိမ်းပြီး အာဏာခိုင်မာအောင် တည်ဆောက်နေတဲ့ တာလီဘန်အဖွဲ့က နိုင်ငံအရှေ့ပိုင်း Jalalabad မြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ၃ ဦးထက်မနည်း သေဆုံးပြီး အတော်များများ ဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တာလီဘန်အဖွဲ့က တစုံတရာ မှတ်ချက်ပေးတာမရှိသေးပါဘူး။
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ကို သြဂုတ်လ ၁၅ရက် တနင်္ဂနွေနေ့က တာလီဘန်လက်နက်ကိုင်တွေ ဝင်ရောက်လာတာကြောင့် နောက်တနေ့ ကဘူးလ်နိုင်ငံတကာလေဆိပ်မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးဖို့အတွက် ရောက်ရှိလာပါတယ်။
အသက် ၁၃နှစ်ပဲရှိသေးတဲ့ မောင်ထွန်းလင်းနိုင်ဟာ မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်းမှာ လုပ်အားပေးနေသူတဦးပါ။ သူ့အလုပ်ကတော့ ရောဂါကာကွာယ်ရေးဝတ်စုံ PPE ဝတ်ဆင်ပြီး ရန်ကုန်မြို့အနှံ့က အလောင်းတွေကို မီးသဂြိုလ်စက်တွေရှိရာဆီ နေ့စဉ်ပို့ဆောင်ပေးရတာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတွေကြားကပဲ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား အင်္ဂါနေ့က အခုလိုထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ကမ္ဘာကျော်ဘောလုံးသမား လီယိုနယ် မက်ဆီတစ်ယောက် နှစ်ပေါင်း ၂၀ကျော်ကြာကစားခဲ့တဲ့ သူ့ရဲ့မိခင် စပိန်ကလပ် ဘာစီလိုနာကိုကျောခိုင်းအပြီး ပြင်သစ်ကလပ် PSG အသင်းမှာ ကစားဖို့ရောက်ရှိလာတဲ့အခါ ပရိတ်သတ်တွေက အခုလို သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်