"သံအမတ်ကြီးဟာ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက် အထိ မြစ်ကြီးနားမြို့ကို သွားတာပါ။ ကချင်ဒေသနဲ့ ကာလရှည်ကြာ ရှိနေခဲ့တဲ့ ဆက်ဆံရေးကိုရော ငြိမ်းချမ်းရေးအတွက်ပါ အမေရိကန်ပြည်ထောင်စုက အားပေး ထောက်ခံတာကို ပြသတဲ့အနေနဲ့အဲဒီမှာရှိနေတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကော၊ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်သူတွေနဲ့ပါ အတော်လေး စုံစုံလင်လင် တွေ့ဆုံခဲ့ပါတယ်။ ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာနဲ့ အကူအညီ မရရှိနိုင်တဲ့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးဖို့ အခက်အခဲ ရှိနေတဲ့ အကြောင်းတွေကို ကြားသိခဲ့ရပါတယ်။"