VOA သတင်းထောက် Arash Arabasadi နဲ့ အတူ အာကာသကနေ ဒီသတင်းပတ်အတွင်း အမိကမ္ဘာမြေကို အထူးတလည် ဘယ်လိုမြင်ရသလဲဆိုတာ ကိုမျိုးဇင်ဆန်း ပြောပြပါလိမ့်မယ်။
ဆော်ဒီအာရေးဗျနိုင်ငံမှာ ကမ္ဘာ့အကြီးမားဆုံး ကုလားအုတ်ဆေးရုံကြီးကို ဖွင့်လှစ်လိုက်ပါတယ်။ ဓါတ်ရောင်ခြည်ကုသမှုနဲ့ အခြေခံ ကုသမှုတွေ ပံ့ပိုးပေးတဲ့ ဒီဆေးရုံကြီးကို ဒေါ်လာ ၁၀ သန်းကျော်အကုန်အကျခံပြီး တည်ဆောက်ထားတာပါ။ ဒီဆေးရုံအသစ်ကြီးအကြောင်း Arash Arabasadi ပေးပို့တဲ့သတင်းကို မျိုးဇင်ဆန်းက တင်ပြထားပါတယ်။
နိုင်ငံရေးကို လက်ဝဲအမြင်နဲ့ ဆန်းစစ်ကြည့်ပါသလား။ ဒါမှမဟုတ် လက်ယာအမြင်နဲ့ ကြည့်ပါသလား။ နိုင်ငံရေးခံယူချက်နဲ့ ဒီ ဘက်ပြအညွှန်းတွေက ဘယ်လိုများ ဆက်စပ်နေတာပါလဲ။
အမေရိကန် နိုင်ငံရေးမှာ အနီရောင်ပြည်နယ်နဲ့ အပြာရောင်ပြည်နယ်ဆိုပြီး နေရာတကာမှာ ကြားရလေ့ရှိပါတယ်။ အနီရောင်ပြည်နယ်တွေမှာ လူအများစုက ရီပက်ဗလစ်ကန်ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါတယ်။ အပြာရောင်ပြည်နယ်တွေမှာ အများစုက ဒီမိုကရက်တွေကိုမဲပေးကြပါတယ်။
အမေရိကန်မှာ နွေရာသီကုန်ဆုံးချိန်ဖြစ်တာကြောင့် မိသားစုအများစုဟာ ကျာင်းတက်ရမယ့်နှစ်သစ်အတွက် ပြင်ဆင်နေကြပါပြီ။ ကိုဗစ်-19 အန္တရာယ်ကြောင့် ကျောင်းပြန်တက်ဖို့ နှောင့်နှေးနေပြီး ဒီနှစ်ရဲ့ကြိုတင်ပြင်ဆင်မှုတွေထဲမှာ Online ကပညာသင်တာကိုအားလုံးအတွက်အဆင်ပြေအောင်လုပ်ကြရမှာဖြစ်ပါတယ်။ ကိုမျိုးဇင်ဆန်းက ပြောပြထားပါတယ်။