ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၇:၀၀
ဗွီအိုအေမြန်မာနံနက်ခင်း(အောက်တိုဘာ ၂၊၂၀၂၃)
ကန်အောက်လွှတ်တော်ရီပတ်ပလင်ကန်တွေအကြား ထိုးနှက်မှုပိုပြင်းလာ၊ဆေးခြောက်အသုံးပြုမှုစည်းမျဉ်းသစ် ထိုင်းအစိုးရပြင်ဆင်ရေးဆွဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာမြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြန်မာပြည်မှပေးစာ၊မြင်ကွင်းကျယ်မှတ်စု၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၂၊ ၂၀၂၃)
စစ်ကောင်စီကို လက်နက်ရောင်းခဲ့ကြောင်း အင်ဒိုနီးရှား စွပ်စွဲခံရ၊ မန္တလေးမြို့ စစ်ဌာနချုပ်အနီး လက်နက်ကြီးကျည်ပေါက်ကွဲ စတာတွေအပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံမေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။