ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ် ၂၀ ရက် ၂၀၂၃
ကျောက်ကြီးမြို့နယ်တွင်း ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးရတာ၊ မြန်မာလူသားစာနာမှုအကူညီပေးသူတွေကို UNOCHA ဂုဏ်ပြုတာနဲ့ အင်္ဂလန်နဲ့ စပိန်ရဲ့ ကမ္ဘာဖလားဗိုလ်လုပွဲ သတင်းတွေအပြင် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြပေးပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၂၀၊ ၂၀၂၃)
ကမ္ဘာ့ဖလား အမျိုးသမီးဗိုလ်လုပွဲမှာ စပိန်အသင်း အင်္ဂလန်ကို ၁ ဂိုး၊ဂိုးမရှိနဲ့နိုင်၊ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊မြင်ကွင်းကျယ်မှတ်စု၊ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။