သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထုတ်လွှင့် အစီအစဉ်

၀၆:၀၀ - ၀၆:၅၉

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး နိုင်ငံတကာက လှုပ်ရှားမှု၊ မိတ္ထီလာက ဗိုလ်မှူး တယောက် CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့အကြောင်း စတဲ့ သတင်းဆောင်းပါးတွေနဲ့ နံနက်ပိုင်း ၆း၀၀-၇:၀၀

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး နိုင်ငံတကာက လှုပ်ရှားမှု၊ မိတ္ထီလာက ဗိုလ်မှူး တယောက် CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့အကြောင်း စတဲ့ သတင်းဆောင်းပါးတွေကို ဒီမနက်ခင်းမှာ နားဆင်ကြရပါမယ်။ အာဆီယံရဲ့ မြန်မာ့ အရေး ဘုံသဘောတူညီချက် အပေါ် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွေးနွေးထားတဲ့ မြန်မာ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ပြည်တွင်း သတင်းသုံးသပ်ချက်၊သတင်းထဲက သုတ အပတ်စဉ် ကဏ္ဍသစ်နဲ့ သောတရှင်တို့ ပေးစာတွေကိုလည်း ပြန်ကြားပေးပါမယ်။ (Unicode) စဈအာဏာသိမျးမှု ဆန့ျကငြျရေး နိုငျငံတကာက လှုပျရှားမှု၊ မိတ်ထီလာက ဗိုလျမှူး တယောကျ CDM လှုပျရှားမှုမှာ ပါဝငျလာတဲ့အကွောငျး စတဲ့ သတငျးဆောငျးပါးတှကေို ဒီမနကျခငျးမှာ နားဆငျကွရပါမယျ။ အာဆီယံရဲ့ မွနျမာ့ အရေး ဘုံသဘောတူညီခကြျ အပေါျ NUG နိုငျငံခွားရေး ဝနျကွီး ဒေါျဇငျမာအောငျနဲ့ ဆှေးနှေးထားတဲ့ မွနျမာ့ ဒီမိုကရစေီရေးရာ ဆှေးနှေးခနျး၊ ပွညျတှငျး သတငျးသုံးသပျခကြျ၊သတငျးထဲက သုတ အပတျစဉျ ကဏ်ဍသဈနဲ့ သောတရှငျတို့ ပေးစာတှကေိုလညျး ပွနျကွားပေးပါမယျ။

၂၁:၀၀ - ၂၁:၅၉

ညပိုင်း ၉း၀၀-၁၀း၀၀

ဒီကနေ့ အစီအစဉ်တွေမှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ လက်ရှိဘဏ္ဍာနှစ် ဖြည့်စွက် ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော် ဖြတ်တောက်ပြီး ခွင့်ပြုလိုက်တဲ့အကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရတဲ့ အခြေအနေ၊ COVID ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားလူတွေကို ငွေသားထောက်ပံ့ကြေးပေးဖို့ မြို့နယ်အလိုက် စာရင်းကောက်ယူမှုတွေ ဘယ်လို စိစစ် ဆောင်ရွက်နေကြသလဲ၊ COVID-19 ကြောင့် အရောင်း အဝယ် ရပ်တန့်ပြီး လေလွင့်ရမယ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံတဝန်း ဖြန့်ဝေနိုင်ရေး ကြိုးပမ်းနေကြ တဲ့အကြောင်း၊ ထိုင်းနိုင်ငံကို လူမှောင်ခိုပွဲစားနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံရတဲ့ သတင်းနဲ့ ရှမ်းပြည်နယ်မှာ ယာဉ်တိမ်း မှောက်မှုကြောင့် လမ်းလုပ်သား ၁၀ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းတွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အစီအစဉ်တွေအဖြစ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ဒေါက်တာသန့်ဇော် ရဲ့လူထုနဲ့ကျန်းမာရေးနဲ့ ကိုရန်နိုင်ရဲ့ အားကစားသတင်းလွှာ တို့ကို နားဆင်ကြရမှာပါ။ ဗွီအိုအေအစီအစဉ်တွေကို အားပေး နားဆင် ကြည့်ရှုတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။

XS
SM
MD
LG