ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၄၊၂၀၂၃)
ဂါဇာတောင်ပိုင်း ပါလက်စတိုင်းတွေစွန့်ခွာနေရာပြောင်းဖို့ အစ္စရေးအမိန့်ထုတ်၊ မြန်မာစစ်ပြေးဒုက္ခသည်တွေ လက်ခံဖို့ ထိုင်းအဆင်သင့်ရှိ သတင်းတွေနဲ့ အပတ်စဉ်မှာ မြန်မာ့ဒီမိုကရေစီရေး၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှ ပေးစာများ၊ ထူးခြားဆန်းပြားသတင်းများ ထုတ်လွှင့်ပေးပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၄၊ ၂၀၂၃)
ဂါဇာဒေသ စစ်ဆင်ရေးနယ်မြေက အရပ်သားတွေ တိမ်းရှောင်ဖို့ အစ္စရေးသတိပေး၊ တရုတ်နယ်စပ် မူဆယ်မြို့အနီး တိုက်ပွဲပြင်းထန်၊ မုန်းမြို့နယ် တပ်စခန်းတွေ သိမ်းပိုက်နိုင်ကြောင်း KNU ကြေညာ စတာတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။