TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ ၁၀-၁၀-၂၀၁၇
Las Vegas မြို့မှာ လူ ၅၈ ဦးသေဆုံးခဲ့တဲ့၊ သေနတ်သမား Stephen Paddock ရဲ့ တိုက်ခိုက်ခဲ့တဲ့ အကြောင်းအရင်းကို ဖေါ်ထုတ်ဖို့ အခက်အခဲဖြစ်နေတဲ့အကြောင်း ရဲအရာရှိတွေပြော၊ မြောက်ကိုရီးယားကို တားမြစ်ကုန်ပစ္စည်းတွေ အတင်အပို့ လုပ်နေတဲ့ ကုန်တင်သင်္ဘောလေးစီးကို ကမ္ဘာပေါ်က ဆိပ်ကမ်း ဘယ်နေရာမှ ဆိုက်ကပ်ခွင့်မပြုဖို့ ကုလသမဂ္ဂက ပိတ်ပင်၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ အဆုံးသတ်စေရေး မြန်မာအစိုးရကို ဆက်ပြီး ဖိအား ပေးသွားရလိမ့်မယ်လို့ UNHCR ဒုက္ခသည်များ ဆိုင်ရာ ကုလ မဟာမင်းကြီး Filippo Grandi က ပြင်သစ်နိုင်ငံမှာ ပြော