TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၀ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၀ ရက်၊ ၂၀၂၄) အစ္စရေးတွေ ဂါဇာကို ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ ကုလမှာ NUG တိုက်တွန်းတာနဲ့ သင်္ဃန်းညီနောင် ရဲစခန်းနဲ့ ခမရ ၃၅၅ တို့အသိမ်းပိုက်ခံရတဲ့ သတင်းတွေအပြင် အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မတ် ၁၀၊ ၂၀၂၄)
ဒူဘိုင်းက မိုးပျံဂျက် ပြိုင်ပွဲ၊ ၁၃ နှစ်သား မက်ဆီရဲ့ လက်သုပ်စက္ကူပုဝါပေါ်က ဘာကာနဲ့စာချုပ်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ နိုင်ငံရေးစင်မြင့်မှာ လူငယ်တွေ နေရာယူဖို့ ဘာတွေလိုလဲ မေးထားတဲ့ GenZ အစီအစဉ် ၊ ဂျာမဏီတက္ကသိုလ်မှာ အလုပ်သင် နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကိုရီးယားရောက် မြန်မာတွေအတွက် ဝန်ဆောင်မှုတွေအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၁၀၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၀၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၀၊ ၂၀၂၄) ဂါဇာဒေသ ယာယီဆိပ်ခံဆောက်လုပ်ရေး ပစ္စည်းတွေ အမေရိကန်ပေးပို့၊ ကရင်နီဒေသ ဖားဆောင်းမြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။