TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၁၀၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၁၀၊ ၂၀၂၄) "ရာဖာဒေသခံရှစ်သောင်း တပတ်အတွင်းအိုးအိမ်စွန့်ခွာပြေး" ကုလသမဂ္ဂပြောဆို၊ တရုတ်နယ်စပ်ဖြတ်ကျော်မယ့် မြန်မာလူငယ်တွေကို စိစစ်တင်းကြပ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၀၊ ၂၀၂၄)
ဂါဇာဒေသ တောင်ပိုင်း Rafah မြို့အပေါ် အစ္စရေးစစ်တပ်က အပြည့်အဝ ထိုးစစ်ဆင်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာ ထွက်သွားကြသူ ၁ သိန်းကျော်၊ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း Kharkiv ဒေသကို ရုရှားက မြေပြင် ထိုးစစ်စ၊ သူ့ကို လိင်ဆက်ဆံခဲ့တဲ့ကိစ္စ ငွေပေး နုတ်ပိတ်ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ Stormy Daniels ဟာ ငွေမက်ပြီး လိမ်လည် ပြောဆိုနေသူဖြစ်တယ်လို့ အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ ရှေ့နေတွေက ချိုးနှိမ်
ဗွီအိုအေ မြန်မာညချမ်း (မေလ ၁၀ ရက်၊ ၂၀၂၄)
အစ္စရေးထိုးစစ်ကြောင့် Rafah က ထွက်ပြေးသူ တသိန်းကျော်၊ မကွေးတိုင်း ကျောက်ထုမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၅ ဦးထက်မနည်း သေဆုံး၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဒဏ် အနှစ် ၂၀ ထပ်တိုးချ စတာတွေနဲ့ အပတ်စဉ် အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ တို့ တင်ဆက်ထားပါတယ်။