TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၁ ရက် ၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၁ ရက် ၊ ၂၀၂၄) ဂါဇာက ဒေသခံတွေ ပြောင်းရွှေ့ မပေးခင်မှာပဲ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်တာ၊ တောင်ကိုရီးယားရောက် မြန်မာတွေ စစ်အုပ်ချုပ်မှု အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြတဲ့ သတင်းတွေအပြင် အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပြင် လယ်ယာစီးပွား အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄)
လေထဲက ဒေါင်လိုက် စန္ဒာယား၊ အမေရိကန် တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရဲ့ ရည်စားဟောင်း ရည်စူးသင်းကွပ်တဲ့ အစီအစဉ် လူကြိုက်များ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ လူငယ်တွေအတွက် ONS တညတာ နေထိုင်မှု သတိပြုစရာတွေ မေးထားတဲ့ GenZ အစီအစဉ် ၊ ဂျာမနီမြို့တွေဆီ အလည်ခေါ်သွားမဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက်မြန်မာကလေးငယ်တွေအတွက် ကျောင်းစာသင်နိုင်တဲ့ နေရာတခုအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၁၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄) ဂါဇာဒေသ ကုလရုံးအောက် မြေအောက်ဥမင်လမ်းကြောင်း အစ္စရေးစစ်တပ်တွေ့ရှိ၊ စစ်ကောင်စီလက်ထက် အကျဉ်းထောင်တွေတိုးချဲ့ မြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီးဆုတောင်း စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။