TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၁၄၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၁၄၊၂၀၂၄) ရခိုင်ဒေသခံအများအပြား ပြည်မဘက်တိမ်းရှောင်၊ ရန်ကုန်မန္တလေးမြို့ကြီးတွေမှာ လူမျိုးရေးပဋိပက္ခလှုံဆော်မှုတွေ ရှိနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြေကြီးဩဇာ၊ အမေရိကန်နိုင်ငံရေး၊ ယူကရိန်းမြန်မာနှိုင်းယှဉ်ချက်၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေ ထုတ်လွှင့်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄)
အီဂျစ်နိုင်ငံမှာ ကျင်းပတဲ့ အစ္စရေးဟာမတ်စ်ယာယီ အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွေအဆုံးသတ်သွားပြီး တိတိကျကျ သဘောတူညီချက်မရသေး၊မြန်မာနိုင်ငံမှာ စစ်တပ်ကနေ နှုတ်ထွက်ခွင့်ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရှိတဲ့ စစ်သားတွေအရံတပ်ဖွဲ့မှာလိုအပ်ရင် ၅ နှစ် စစ်မှုထမ်းဖို့ သတ်မှတ်ထားတဲ့ အမိန့်အတည်ဖြစ်ပြီလို့ စစ်ကောင်စီကြေညာ။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၄)
အစ္စရေး-ပါလက်စတိုင်း အပစ်ရပ်ဆွေးနွေးပွဲ သဘောတူညီချက်မရသေး၊ အငြိမ်းစား စစ်သားတွေ စစ်မှုပြန်ထမ်းရမယ့်ဥပဒေ စစ်ကောင်စီ အသက်သွင်း၊ စစ်ကောင်စီဆန့်ကျင်ရေး မွန်ပြည်သစ်အဖွဲ့ခွဲထောင်၊ ကောလင်းမြို့အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။