TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဧပြီ ၁၄ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဧပြီ ၁၄ ရက် ၂၀၂၄) အီရန်က အစ္စရေးကို ဒရုန်းနဲ့တိုက်ခိုက်တာ၊ အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှု ကန် သတိနဲ့စောင့်ကြည့်တာ၊ ပြည်ပရောက်မြန်မာတွေ သင်္ကြန်ပွဲနွှဲတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ၊ ၁၄ ရက်၊ ၂၀၂၄)
နယူးယောက်မြို့ ရှားပါးစာအုပ်ပြပွဲမှာ လူ့အရေပြားနဲ့ အဖုံးချုပ်ထားတဲ့စာအုပ် ရောင်းချ၊ ဂျပန် တိုကျိုမြို့တော်မှာ အများသုံး အိမ်သာတွေကို လည်ပတ်နိုင်တဲ့ ခရီးသွားအစီအစဉ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ကချင်လူငယ်ဒီဇိုင်နာရဲ့ လက်ရာဆန်းများ GenZ အစီအစဉ် ၊ ဂျာမနီက ရေခဲတောင်ဒေသမြို့လေးကို သွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းနိုင်ငံမှာ မြန်မာကျောင်းသားတွေ ဝင်နွှဲတဲ့ သင်္ကြန်ပွဲ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၁၄ ရက်၊ ကောဇာသက္ကရစ် ၁၃၈၅ နှောင်းတန်ခူးလဆန်း ၅ ရက် မဟာသင်္ကြန်အကျနေ့ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၁၄၊ ၊ ၂၀၂၄)
မန္တလေးမြို့တော်ဝန် မဏ္ဍပ်အနီးပေါက်ကွဲမှုဖြစ်ပွား၊ အီရန်တိုက်ခိုက်မှုကို ကာကွယ်နိုင်ကြောင်း အစ္စရေးကြေညာ၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။