TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၄၊ ၂၀၂၄)
အမေရိကန် စစ်လက်နက်အကူအညီတချို့ ယူကရိန်းကို ရောက်နေပြီး ဖြစ်ပြီး ထပ်ပြီး ရောက်လာဖို့လည်း ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်း သမ္မတ ဇာလန်းစကီး နဲ့တွေ့ဆုံချိန်မှာ ပြော၊ဂါဇာဒေသတောင်ပိုင်း Rafah မြို့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စွန့်ခွာ ထွက်ပြေးတဲ့သူ ၄ သိန်းခွဲ နီးပါး ရှိမယ်လို့ ခန့်မှန်းကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂအေဂျင်စီပြော၊မြန်မာနိုင်ငံက ပဋိပက္ခတွေအကြား ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ IDP အရေအတွက် ၁၃ သိန်း လောက် ရှိတဲ့အကြောင်း IDMC ခေါ် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၁၄၊ ၂၀၂၄)
ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒု-အကြီးအကဲ မြန်မာအတိုက်အခံတွေနဲ့တွေ့ဆုံ၊ စစ်ရှောင်တွေ ခိုလှုံရာ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်း လက်နက်ကြီးကျည်ထိမှန်၊ စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။