TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ ၀၈.၁၄.၂၀၁၇
ဗာဂျီးနီးယားပြည်နယ်၊ Charlottesville မြို့က လူဖြူလူမျိုးရေး ၀ါဒီတွေရဲ့ စုဝေးပွဲနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေဟာ အကြမ်းဖက်ဝါဒလို့ အဓိပ္ပါယ်ဖွင့်ဖို့ လုံလောက် နေပြီဆိုပြီး သမ္မတ Trump ရဲ့ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောဆို၊ ဆီးရီးယား နိုင်ငံတွင်းက သူပုန်တွေ ထိန်းချုပ်ရာ အိုင်းဒလစ် ပြည်နယ်အတွင်း ကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး သတ်ဖြတ်ခံရမှုကို အမေရိကန် ပြည်ထောင်စုက ပြစ်တင်ရှုတ်ချ၊ နီပေါ နဲ့ အိန္ဒိယနိုင်ငံတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုကျမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ နီးပါး သေဆုံး စသည်