TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၁၆၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၁၆၊ ၂၀၂၄) ဆီးရီးယားနဲ့ပဋိပက္ခမဖြစ်လိုဟု အစ္စရေးဝန်ကြီးချုပ်ပြောဆို၊ မြန်မာအပါအဝင် ပဋိပက္ခဒေသတွေငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းဆုမွန်တောင်း၊ ရခိုင် တောင်ကုတ်မြို့နယ်တခုလုံး AA သိမ်းပိုက်ထိန်းချုပ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)
ဆီးရီးယားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်ကို ဆီးရီးယားနိုင်ငံသားတွေကဘဲ ဦးဆောင်သင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော၊ ဆီးရီးယားနိုင်ငံက မစ်ဇိုင်းဒုံး သိုလှောင်ရာနေရာတွေကို အစ္စရေး လေကြောင်းက တိုက်ခိုက်၊ သမ္မတ ရာထူးကနေ တရားစွဲဆို ဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုးရီးယား သမ္မတ Yoon Suk Yeol ရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့မှု အပေါ် တနင်္လာနေ့မှာ တောင်ကိုးရီးယားဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး စတင်စစ်ဆေး
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၄)
မြန်မာနိုင်ငံ အာဆီယံမှာ ပြန်လည်ဝန်ဆန့်ရေး ထိုင်းနဲ့ မလေးရှားခေါင်းဆောင်တွေ ဆွေးနွေး၊ စစ်ကောင်စီ နဲ့ MNDAA ကိုးကန့်အဖွဲ့ ဆက်လက်ဆွေးနွေးဖွယ်ရှိ စတာတွေအပြင် ထိုင်းနိုင်ငံက မြန်မာ့အရေး ဆွေးနွေးပွဲ အလားအလာ မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။