TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (၀၄-၁၈-၂၀၁၈)
အမေရိကန် ပြည်ထောင်စုဟာ မြောက်ကိုရီးယားနဲ့ တိုက်ရိုက် အဆင့်မြင့် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သမ္မတ Donald Trump က ပြော၊ အကြမ်းဖက် ရာဇ၀တ်ပြစ်မှုကျုးလွန်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို နေရပ်ပြန်ပို့မယ့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဟာ ရှင်းရှင်းလင်းလင်းမရှိတဲ့အတွက် အတည်ပြုဖို့ မဖြစ်နိုင်ဘူးလို့ အမေရိကန်တရားရုံးချုပ် ဆုံးဖြတ်၊ ရိုဟင်ဂျာမူဆလင်တွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ရာမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ် ထိပ်တန်း တာဝန်ရှိသူတွေကို EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ဖို့ရှိ