TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီ ၁၈ ၂၀၂၄
ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအဖြစ်သုံးမှာ သားဖြစ်သူစိုးရိမ်နေတာ၊ စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး အလားအလာ နဲ့ အီရန်ရဲ့တိုက်ခိုက်မှုကို ဘယ်လိုတုန့်ပြန်မယ်ဆိုတာ အစ္စရေးကပဲ ဆုံးဖြတ်မယ်လို့ အစ္စရေးက ပြောတဲ့ သတင်းတွေအပြင် အပတ်စဉ်ကဏ္ဍတွေ ဖြစ်တဲ့ အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ Gen Z ၊ အားကစားကဏ္ဍတွေကို တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၁၈၊ ၂၀၂၄)
အစ္စရေးနိုင်ငံအပေါ် အီရန်နိုင်ငံကတိုက်ခိုက်ခဲ့တဲ့အပေါ် နိုင်ငံပေါင်း ၅၀ နီးပါးက ကြေညာချက်ထုတ်အပြစ်တင်၊မြန်မာနှစ်ဆန်း ၁ရက်နေ့တုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတဲ့ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မနေ့ညနေပိုင်းမှာ ပြန်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြော။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၁၈ ရက်၊ ၂၀၂၄)
ဂါဇာမှာအပစ်ရပ်ဖို့ တရုတ်နဲ့ အင်ဒိုနီးရှား တောင်းဆို၊ ပြင်ဦးလွင်မြို့မှာ တိုက်ပွဲဖြစ်၊ မြဝတီပြန်ရရေး စစ်ကောင်စီ စစ်ကူလွှတ်၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေ၊ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်ဖမ်းခံရ စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးထားပါတယ်။