TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ ၀၅.၁၈.၂၀၁၇
အမေရိကန် ပြည်ထောင်စုမှာ ၂၀၁၆ ခုနှစ်က သမ္မတရွေးကောက်ပွဲနဲ့ တခြားဆက်နွယ်တဲ့ ကိစ္စတွေမှာ ရုရှားက သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရာမှာ ကြီးကြပ်ဖို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူးဟောင်း တဦးကို အထူးစုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း တရားရေးဝန်ကြီးဌာနက ကြေညာ၊ တူရကီသမ္မတ Recep Tayyip Erdogan ကို ထောက်ခံသူတွေ ပါဝင်တဲ့ ၀ါရှင်တန်ဒီစီမှာ အင်္ဂါနေ့က သွေးထွက်သံယို ပဋိပက္ခနဲ့ ပတ်သက်လို့ အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ စိုးရိမ်ပူပမ်ကြောင်း ပြောဆိုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး အထူး ကြပ်မတ် ကုသပေးနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော...စသည့်