TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၁၉၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၁၉၊၂၀၂၄) ပင်လယ်နီထဲ ဟူသီပစ်မှတ်တွေကို အမေရိကန်တိုက်ခိုက်၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြန်မာနွယ်ဖွားတဦးထံမှ စိတ်ကြွဆေး ကီလို ၁၂၀၀ ဖမ်းဆီးရမိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှ ပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄)
အစ္စရေးက ၅၇ နှစ်ကြာ ပါလက်စတိုင်းကို သိမ်းပိုက်ထားတဲ့ကိစ္စ ကုလသမဂ္ဂ ထိပ်တန်းတရားရုံးမှာ ကြားနာ၊ မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ရုံးမှာ လူအုပ်ပြိုရာက အမျိုးသမီး ၂ ဦး သေဆုံး၊ ထိုင်း ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatraကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ထိုင်းဘုရင်မိသားစုအပေါ် အသရေဖျက်မှု ရှိမရှိ ဆက်လက်စစ်ဆေးမည်
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄)
မန္တလေး ပတ်စ်ပို့ရုံး တန်းစီသူ လူအုပ်ပြို အမျိုးသမီး ၂ ဦးသေ၊ စစ်မှုထမ်းဥပဒေ တိမ်းရှောင်လာသူတွေကို အကာအကွယ်ပေးဖို့ ထိုင်းအစိုးရကို လှုပ်ရှားသူတွေတိုက်တွန်း စတာတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း၊ သက်တံရောင် သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။