TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ ၀၇.၁၉ .၂၀၁၇
လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့ နှောင်းပိုင်းက ဗလီတခုရဲ့အပြင်ဘက် လမ်းသွားလမ်းလာတွေကို ကားတစီးက ၀င်တိုက်တာကြောင့် လူ ၁၀ ယောက် ဒဏ်ရာရ၊ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံနှုတ်ထွက်တဲ့ ဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို စတင်ဖို့ အတွက် ဗြိတိန် နဲ့ ဥရောပသမဂ္ဂက ကိုယ်စားလှယ်အဖွဲ့တွေ Brussel မြို့မှာ ဒီကနေ့ တွေ့ဆုံ၊ ထားဝယ်မြို့အနောက်တောင်ဘက်မှာ ပျက်ကျခဲ့တဲ့ တပ်မတော်သယ်ယူပို့တောင်ရေး လေယာဉ်ရဲ့ အစိတ်အပိုင်းတချို့ကို မနေ့က ထပ်မံဆယ်ယူပြီး လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် Black box ကိုလည်း တွေ့ရှိထားပြီဖြစ်တဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန် စသည်