TV Schedule
အောက်တိုဘာလ ဝ၂ ၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်း အရှေ့ပိုင်း မြို့ကြီးတမြို့ ရုရှားလက်က ယူကရိန်းပြန်သိမ်း၊ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ကုလမှာ ဦးကျော်မိုးထွန် တင်ပြ၊ ဝန်ကြီးချုပ်ရာထူး ဆက်လက်ထမ်းဆောင်မှု ကန့်ကွက်ဆန္ဒပြ ။သီတင်းပတ်စဉ်ကဏ္ဍ - ဒို့အသံ၊ ဒီကရေစီလူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ ၊ မြန်မာနဲ့ နိုင်ငံတကာ တပတ်အတွင်း သတင်းစုစည်းချက်။
ဗွီအိုအေ တီဗွီမဂ္ဂဇင်း၊ အောက်တိုဘာ ၂ ရက်၊ ၂၀၂၂
ကိုဗစ်ပဉ္စမလှိုင်း အိုမီခရွန်နဲ့ ပတ်သက်တဲ့ အယူမှားများ ရှောင်ရှားသင့် လူထုနဲ့ကျန်းမာရေး၊ ပန်းကော်ဇောဆီသွားကြမယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ ဗီဇာယူစရာမလိုဘဲ သွားနိုင်တဲ့နိုင်ငံ ဘယ်သူအများဆုံးလဲ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ အောက်တိုဘာ ၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၂ ၊ ၂၀၂၂
ထိုင်းထောင်ကလွှတ်လာတဲ့ မြန်မာအလုပ်သမား ၁၈၀ ကို နေရပ်ပြန်ပို့၊ နယ်စပ် တင်းမာမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ အသက်အန္တရာယ်စိုးရိမ်၊ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍမှာတော့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများတို့ကို တင်ဆက်ပေးသွားမှာပါ။