TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၀-၂၀၁၉)
- အမေရိကန်သမ္မတ Donald Trump ကို အရေးယူရေး စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ အရေးပါတဲ့ သက်သေတဦးအဖြစ် ဥရောပသမဂ္ဂ (EU) ဆိုင်ရာ သံအမတ်ကြီး Gordon Sondland ဒီကနေ့ ထွက်ဆိုမှာ ဖြစ်ပါတယ်။ - အာဖဂန်နစ္စတန်နိုင်ငံမှာ ရဟတ်ယာဉ်ပျက်ကျတဲ့အတွက် အမေရိကန် စစ်မှုထမ်း ၂ ယောက်သေဆုံးသွားတယ်လို့ အမေရိကန်စစ်တပ်က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ - အီရန်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ လူပေါင်း ၁၀၆ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ Amnesty International က ပြောလိုက်ပါတယ်။