TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီ ၂၁ ရက် ၂၀၂၄
မြဝတီမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာ၊ ကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးဖို့ရှိတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ ၂၁၊ ၂၀၂၄)
ရွံစရာကောင်းတဲ့ အစားအသောက် ပြတိုက် ဘာလင်မြို့မှာ ဖွင့်လှစ်၊ အင်္ဂလန်ကနေ အာဖရိက နိုင်ဂျီးရီးယားကို ခရီးရှည်ကားမောင်းသူ အမျိုးသမီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဖင်လန်မှာကျောင်းတက်နိုင်ဖို့ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက ရိုမန့်တစ်နန်းတော်အရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အားပေးတဲ့အငြိမ့်၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၂၁၊ ၊ ၂၀၂၄)
မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက် ထွက်ပြေးလာသူ ၃၀၀၀ ခန့်ရှိ၊ ကန်အောက်လွှတ်တော် ပြည်ပအကူအညီပေးရေး ဥပဒေကြမ်း ယူကရိန်းကြိုဆို စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။