TV Schedule
၂၀၂၂ ဇန္နဝါရီ ၂၂ ရက် ဗွီအိုအေ မြန်မာ နံနက်ခင်း
စနေမနက် အစီအစဉ်မှာတော့ ပြင်သစ်နိုင်ငံက Total နဲ့ အမေရိကန်က Chevron တို့ မြန်မာနိုင်ငံက ထွက်မယ့်အပေါ် အကဲခတ်တွေရဲ့ သဘောထား၊ အကြမ်းဖက်လုပ်ရပ်တွေကိုအားပေးနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီအကြီးအကဲက KIA နဲ KNPP တို့ကိုစွပ်စွဲလိုက်တဲ့အပေါ် တုံ့ပြန်ချက်၊ ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့အတွက်ပြည်သူတွေ အခက်အခဲဖြစ်နေရတဲ့သတင်း။ ဒါ့အပြင် အမျိုးသမီးအစီအစဉ်၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရပါမယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇန်နဝါရီ ၂၂၊ ၂၀၂၂)
နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေ မြန်မာက ထွက်၊ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို သေဒဏ်ချ၊ ယူကရိန်း၊ ရုရှားတင်းမာမှု ရုရှားကို ဘိုင်ဒန်သတိပေး၊ ဒီလို မြန်မာနဲ့ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ အိုမီခရွန်ကူးစက်မှု ဆိုးဆိုးရွားရွား မဖြစ်အောင် ဘယ်လိုပြင်ဆင်နေလဲဆိုတဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇန်နဝါရီ ၂၂ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၂၂၊၂၀၂၂။
စစ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမှုတိုးလာ၊ ချင်း တီးတိန်တွင် လေယဉ်အကူသုံးရတဲ့အထိတိုက်ပွဲပြင်းထန်၊ ယူကရိန်းလုံခြုံရေး ကန်အကူအညီများ စတင်ရောက်ရှိ. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာနဲ့ တပတ်အတွင်း မြန်မာ ကမ္ဘာ သတင်းအနှစ်ချုပ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။