TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ ၀၆.၂၂.၂၀၁၇
အာဖဂနစ္စတန်နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်က ပြင်းထန်တဲ့ အသေခံကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး၊ ၆၀ ကျော် ဒဏ်ရာရရှိ၊ အီရတ်နိုင်ငံ မိုဆူးလ်မြို့က အထင်ကရ al-Nuri ဗလီနဲ့ al-Hadba လို့လူသိများတဲ့ ဒီဗလီက မျှော်စင်ကြီးကို IS စစ်သွေးကြွတွေက ဖျက်ဆီး၊ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်သွားဖို့နဲ့ ၂ နိုင်ငံကြား သဘောထားကွဲပြားမှုတွေကို လျှော့ချသွားဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆန္ဒရှိကြောင်း အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတွေက ပြောကြား စသည်