TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၂၃၊ ၂၀၂၂။
Total နဲ့ Chevron ကုမ္ပဏီတွေ ထွက်မယ့် အစီအစဉ်ကြောင့် မြန်မာအပေါ်ရိုက်ခတ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်၊ အပတ်စဉ် ဒို့အသံ အစီအစဉ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ၊ တပတ် အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တို့ကို နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇန်နဝါရီ ၂၃၊ ၂၀၂၂)
အသည်းကင်ဆာ ကာကွယ်ရေး ဘီပိုး၊ စီပိုး စစ်ဆေးကုသသင့် လူထုနဲ့ကျန်းမာရေး၊ လန်ဒန်က မီးရောင်စုံထွန်းညှိ အင်စတော်လေးရှင်း အနုပညာပွဲတော်ဆီသို့ ကမ္ဘာတလွှားခရီးသွား၊ သတင်းထဲက သုတ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာ နဲ့ အိန္ဒိယက ခေါင်းနှစ်လုံးနဲ့ နွားပေါက်လေး၊ ဒါအပါအဝင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇန်နဝါရီ ၂၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၂၃၊၂၀၂၂။
အာဆီယံ ဘုံ ၅ချက် စစ်ကောင်စီလမ်းပြမြေပုံနဲ့ မပတ်သက်သင့်ဟု အင်ဒိုတုန့်ပြန်၊ ကနီမြို့နယ်တွင်းကျေးရွာနှစ်ရွာ တိုက်ခိုက်ခံရပြီး နေအိမ်တချို့မီးလောင်၊ ယူကရိန်းအစိုးရအပြာင်းအလဲလုပ်ဖို့ ရုရှားကြိုးပမ်းနေဟု ဗြိတိန်စွပ်စွဲ ..စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစားများ၊သတင်းထဲက သုတနဲ့ ထူးခြားဆန်းပြားသတင်းများတို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။