TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၂၄ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၂၄ ရက် ၂၀၂၄) - ယူကရိန်းထိန်းချုပ်ထားတဲ့ ဒေသတချို့ ရုရှားပြန်သိမ်းယူတာ၊ NATO အတွင်းရေးမှူးချုပ် အရွေးကောက်ခံသမ္မတ ထရမ့်နဲ့တွေ့ဆုံတဲ့ သတင်းနဲ့အတူ အပတ်စဉ် ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ၊ လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၄)
တိတ်နဲ့ ကပ်ထားတဲ့ ငှက်ပျောသီး လေလံတင်ရောင်းတာ အမေရိကန် ဒေါ်လာ ၆ သန်းကျော်ရ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ GenZ လူငယ်အစီအစဉ်၊ နောက် ထိုင်းရောက်မြန်မာတွေရဲ့ ထောက်ပို့ အကြောင်းစုံနဲ့ နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ နိုဝင်ဘာလ ၂၄ ရက်၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၂၄၊ ၂၀၂၄)
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့တော်မှာ အနည်းဆုံး လူ ၂၀သေဆုံး၊အစ္စရေးသံရုံးအနီး ပစ်ခတ်သူ သေနတ်သမားဂျော်ဒန်ရဲတပ်ဖွဲ့ အသေဖမ်းဆီး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊မြင်ကွင်းကျယ်မှတ်စု၊ထူးခြားဆန်းပြား သတင်းများတို့ကိုတင်ဆက်ထားပါတယ်။