TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၄ ၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၄ ၊ ၂၀၂၄) အပစ်ရပ်ရေး ဆွေးနွေးဆဲ အစ္စရေး တိုက်ခိုက်မှု လူရာကျော်သေဆုံး၊ ပုံးလျှိုးကွယ်လျှိုး လုပ်နေရတဲ့ မြန်မာသတင်းသမားများ အခြေအနေ၊ ရုရှား-မြောက်ကိုရီးယား ပိုမိုနီးကပ်လာမှု ကန်-တရုတ်ဆွေးနွေး၊ ဒီလိုနောက်ဆုံးရသတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄)
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျာမနီက နိုင်ငံတကာလုံခြုံရေး ညီလာခံ တက်ရောက်ဆွေးနွေး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ပြည်ပပို့ကုန် ဝင်ငွေမူဝါဒအပြောင်းအလဲ လယ်ယာစီးပွား သတင်းတွေ၊ နောက် စစ်မှုထမ်းဥပဒေပြဌာန်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုများ သတင်းထောက်မှတ်စုတို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၂၄ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။