TV Schedule
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၄၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၄၊ ၂၀၂၄) မြန်မာ့အကျပ်အတည်းဖြေရှင်းရေး တရုတ်ပါဝင်ပူးပေါင်းဖို့ ကန်မျှော်လင့်၊ Khan Younis မြို့အနီး ယာယီတဲ ဝန်းခြံ ဂြိုလ်တုဓါတ်ပုံမှာတွေ့ရှိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြေကြီးဩဇာ၊ယူကရိန်းမြန်မာနှိုင်းယှဉ်ချက်၊အမေရိကန်နိုင်ငံရေး၊ကမ္ဘာတလွှားခရီးသွားတို့ ထုတ်လွှင့်ပါမယ်။
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၂၄၊ ၂၀၂၄)
ဂါဇာမြောက်ဘက်အခြမ်းကို အစ္စရေးကလေကြောင်းကနေ တိုက်ခိုက်၊ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို လုံခြုံရေးဆိုင်ရာ အကူအညီပေးမယ့် ဒေါ်လာ ၉၅ ဘီလီယံပါ အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က မဲခွဲ အတည်ပြု၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေပြေလည်ရေး အာဆီယံအဖွဲ့အတွင်းက အရေးပါတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံကို အဆိုပြု