TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၂၅၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၂၅၊ ၂၀၂၄) ဆီးရီးယားမှာ ကာကွယ်ရေးလက်နက်ကိုင်တစုတဖွဲ့တည်းထားဖို့ သဘောတူ၊ အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဂါဇာဒေသခံ ၉ ဦးထက်မနည်းသေဆုံး၊ ပါကစ္စတန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တာလီဘန်နဲ့တွေ့ဆုံဆွေးနွေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၂၅ ၊ ၂၀၂၄)
ယေရှု ဖွားမြင်တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကမ္ဘာတဝှမ်း ခရစ်စမတ် ဆုတောင်းပွဲတွေ ကျင်းပကြတာ၊ ခရစ်စမတ်နေ့မှာ ယူကရိန်း လျှပ်စစ်ပေးရေးဌာနတွေကို ရုရှားက တိုက်ခိုက်တာထက် ပိုပြီး လူသားမဆန်တာ မရှိတော့ဘူးလို့ ယူကရိန်း သမ္မတက ပြောလိုက်တာ၊ အဇာဘိုင်ဂျန်လေကြောင်းလိုင်း လေယာဥ် ကာဇက်စတန်မှာ ပျက်ကျတာမှာ ၂၈ ဦး အသက်ရှင်ကျန်ရစ်ပါတယ်
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၄)
ကမ္ဘာတဝှန်း ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိဖို့ ခရစ္စမတ်မှာ ပုပ်ရဟန်းမင်းကြီး ဆုတောင်း၊ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ လူ သိန်းနဲ့ချီသေဆုံးခဲ့တဲ့ အာရှ ဆူနာမီ မနက်ဖြန် နှစ် ၂၀ ပြည့်ပြီ စတာတွေနဲ့ နှစ်ကုန် အထူးအစီအစဉ် အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။