TV Schedule
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖေါ်ဝါရီ ၂၅ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖေါ်ဝါရီ ၂၅ ရက်၊ ၂၀၂၄) အစ္စရေးဓါးစာခံတွေ ပြန်ရဖို့ ပါရီမှာ ဆွေးနွေးနေတာ၊ ယူကရိန်းကို ရုရှားကျူးကျော်တာ ၂ နှစ်ပြည့် အနောက်နိုင်ငံခေါင်းဆောင်တွေ Kyiv ကို လာရောက်ချိန် ရုရှားက ပစ်ခတ်တဲ့ သတင်းတွေအပြင် အပတ်စဥ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ လယ်ယာစီးပွားသတင်းများနဲ့ သတင်းတွေထဲကသုတ အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)
အောက်အီးအီးအွတ် မအော်တတ်တဲ့ ကော်ဆိုဗိုက ကြက်မည်းအမျိုးအစား၊ တကောင်တည်းနေပြီး ကိုယ်ဝန်ရှိတဲ့ ငါးမကြီး၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ အမေရိကန်မှာ ကျောင်းတက်ဖို့ ကြိုးစားနေသူတွေအတွက် GenZ အစီအစဉ်၊ အိုင်းစတိုင်း မွေးဇာတိကို သွားကြည့်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာတွေရဲ့ ဆေးခြောက်စိုက်ခင်းဆီ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဖေဖော်ဝါရီ ၂၅၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစ္စရေးကိုယ်စားလှယ်တွေ ကာတာနိုင်ငံ စေလွှတ်ဖွယ်ရှိ၊ နျူကလီးယားပစ္စည်း မှောင်ခိုမှုနဲ့ ဆက်နွယ်မှုမရှိကြောင်း RCSS ငြင်းဆန် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။