TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၂၆၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၂၆၊ ၂၀၂၄) "ဟက်ဇဘိုလာနဲ့ အပစ်ရပ်ညှိုနှိုင်းမှုဆက်လုပ်နေ"အစ္စရေးသံအမတ်ကြီး၊ "ရိုဟင်ဂျာဒုက္ခသည်စခန်းထဲကနေ ရိုဟင်ဂျာစစ်သားတွေမွေးထုတ်" ရိုက်တာသတင်းဖော်ပြ၊ ဖယ်ခုံမြို့အဝင်အထွက် စစ်ကောင်စီ စိစစ်တင်းကြပ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၆၊ ၂၀၂၄)
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ်၊ ဟက်ဇဘိုလာအဖွဲ့ နဲ့ အပစ်ရပ်ရေး သဘောတူဖို့ အစ္စရေးကို အီးယူတိုက်တွန်း၊ မြန်မာနိုင်ငံဘက်က မက်သာအက်ဖာတမင်း မူးယစ်ဆေး ၅.၅ တန်ကို အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းမိ
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၂၆၊ ၂၀၂၄)
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဖက်တွေကို သွင်းကုန်ခွန် တိုးကောက်ဖို့ ရွေးကောက်ခံသမ္မတထရမ့် ကြေညာ၊ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး အစွမ်းကုန်အားပေးမယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပြောကြား စတာတွေအပြင် မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။