TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီ ၂၈ ရက် ၂၀၂၄
ဗွီအိုအေ မြန်မာနံနက်ခင်း ဧပြီ ၂၈ ရက် ၂၀၂၄ စစ်တွေနဲ့ ကျောက်ဖြူသိမ်းဖို့ AA ပြင်နေတာ၊ စစ်တပ် အကြမ်းဖက်မှု အရေးယူဖို့ ကုလကို သံအမတ်ကြီးတင်ပြတာ၊ ဂါဇာအပစ်ရပ်ရေး အစ္စရေးအဆိုပြုချက် ဟားမတ်စ် သုံးသပ်နေတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ္ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ ၂၈၊ ၂၀၂၄)
သက်သတ်လွတ် စားစေချင်လို့ ခွေးသားရောင်းတယ် ဆိုသူများ၊ ကလေးတယောက်တည်း ရှိပေမဲ့ ကျောင်းဖွင့်ထားပြီး စာသင်ပေးနေတဲ့ ရွာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မိခင်ဘာသာစကား တတ်ထားတာ လူငယ်တွေအတွက် အထောက်အကူရတယ်ဆိုတာ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက သက်တမ်းအရင့်ဆုံး တက္ကသိုလ်ကိုသွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာစကားအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၂၈၊ ၊ ၂၀၂၄)
မြန်မာ့အရေး ၃ ပွင့်ဆိုင် အာဆီယံ ဆွေးနွေးဖို့အဆို လာအိုနိုင်ငံထောက်ခံ၊ အမေရိကန် တက္ကသိုလ်တွေမှာ စစ်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။