TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ ၀၅.၂၉.၂၀၁၇
အရှေ့အလယ်ပိုင်းနဲ့ ဥရောပက တိုင်းပြည်တချို့ကို သွားရောက်ခဲ့တဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုအတွက် အောင်မြင်မှုတွေ ရခဲ့တဲ့ ခရီးစဉ်လို့ သမ္မတ Donald Trump က ပြော၊ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာဖြစ်ပွာခဲး့တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီး၊ မြန်မာနိုင်ငံပဋိပက္ခတွေအတွင်း တဖက်နဲ့တဖက်ရှိနေတဲ့ အာဃာတ တရားတွေကို စွန့်ပစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့လုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲမှာ ပြောကြား၊ စသည်