TV Schedule
စက်တင်ဘာ ၃၀၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းနယ်မြေတွေ ရုရှားလက်အောက် ထည့်သွင်းမယ့်ကိစ္စ ကုလအကြီးအကဲရှုတ်ချ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေး အကြံပေးတို့ ထောင်ဒဏ်ချခံရတဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်၊ မန္တလေးမှာ အချုပ်ကား တိုက်ခိုက်ခံရ စတဲ့ ထိပ်တန်းရောက် သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၃၀၊၂၀၂၂)
ယူကရိန်းနိုင်ငံရဲ့ ၁၅ရာခိုင်နှုန်းကျော်ကျော်ကို သိမ်းယူပြီး ရုရှားပြည်ထောင်စုထဲကို တရားဝင်သွတ်သွင်းလိုက်ပြီလို့ ရုရှားက ကြေညာပါတယ်။ထောင်ဒဏ် ၃ နှစ် ကျခံရသူ NLD စီးပွားရေးအကြံပေး ပါမောက္ခ Sean Turnell လွတ်မြောက်ရေး လုပ်နိုင်သမျှအားလုံး လုပ်သွားမယ်လို့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်မှာပါ။
ဗွီအိုအေ မြန်မာညချမ်း စက်တင်ဘာ ၃၀၊ ၂၀၂၂
ခရီးသည်တင်လေယာဉ် လွိုင်ကော်လေဆိပ်အဆင်းပစ်ခံရ၊ နိုင်ငံကူးလက်မှတ်အတွက် လိမ်လည်မှုများနေ၊ ယူကရိန်းဒေသ ၄ ခု ရုရှားပိုင်ပြီလို့ သမ္မတပူတင်တရားဝင်ကြေညာ၊ ထိုင်းဝန်ကြီးချုပ်ပရာရွတ် တာဝန်ဆက်ထမ်းနိုင်လို့ ထိုင်းဖွဲ့စည်းပုံခုံရုံးဆုံးဖြတ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။