TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၃၁ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၃၁ ရက်၊ ၂၀၂၄) − ဂါဇာအပစ်ရပ်ရေး အစ္စရေး−ဟားမတ်စ် ဆွေးနွေးဖို့ရှိတာ၊ ကန်နဲ့ တရုတ်က တောင်းဆိုလို့ ထိုင်းက မြန်မာ့အရေး ကြားဝင်ကူညီတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားအစီစဥ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မတ် ၃၁၊ ၂၀၂၄)
အမေရိကန်မှာ လူကို ဝက်ကျောက်ကပ် အစားထိုးကု၊ ဦးနှောက်ထဲ ထည့်ထားတဲ့ ကွန်ပြူတာချစ်ပ်နဲ့ ထိန်းချုပ်ပြီး အွန်လိုင်းစစ်တုရင်ကစားပြ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ မြန်မာနိုင်ငံမှာ မပွင့်လင်းသေးတဲ့ လိင်ပညာပေး GenZ အစီအစဉ်၊ ဂျာမနီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရတဲ့ မြန်မာတွေ ထိုင်းမှာ လုပ်ကြရတာတွေများ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၃၁၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၃၁၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၃၁၊ ၂၀၂၄) စစ်သားစုဆောင်းမှု မခံရအောင် အကူအညီတောင်းသူပေါင်း နာရီပိုင်းအတွင်းထောင်နဲ့ချီရှိနေတယ်လို့ NUG ပြောကြား၊ ကချင်မှာ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲနောက်ဆုံး အခြေအနေ၊ အစ္စရေး-ဟာမတ်စ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သတင်းတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။