TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မေလ ၄ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မေလ ၄ ရက်၊ ၂၀၂၄) အစ္စရေးလ်ရဲ့ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်(စ်)အပြုသဘောတွေ့၊ စစ်ထောက်လှမ်းရေး ဆိုင်ဘာတိုက်ခိုက်မှုအတွက် ရုရှားကို ဂျာမနီသတိပေး၊ အရှေ့အာရှ သတင်းလွတ်လပ်မှု ဆုတ်ယုတ် ကျဆင်း စတာတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ တို့ကို နားဆင်ရှုစားကြရမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၄၊ ၂၀၂၄)
မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေများ ကမ္ဘာ့အဆင့် အောက်ဆုံးမှာရှိ၊ မြန်မာနိုင်ငံ အပူဒဏ် အထူးပြင်းထန်၊ ဒီလို တပတ်အတွင်း သတင်းများ၊ သတင်းလွတ်လပ်ခွင့်နေ့ အထူးစကားဝိုင်းဆွေးနွေးခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၄ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ မေ ၄၊ ၂၀၂၄
ဂါဇာဒေသအပစ်ရပ်ရေး အီဂျစ်နိုင်ငံမှာ ညှိနှိုင်းမှုတွေလုပ်နေ၊ သမ္မတဘိုင်ဒန်ပြောကြားချက် ဂျပန်နဲ့ အိန္ဒိယတုံ့ပြန်၊ ဆန္ဒပြကျောင်းသားတွေနဲ့ အမေရိကန် တက္ကသိုလ်တချို့ သဘောတူမှုရရှိ၊ ဖိနှိပ်မှုကြားက မြန်မာနိုင်ငံတွင်း သတင်းယူရတဲ့အခြေအနေ သတင်းသမားတွေတင်ပြ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။