TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေလ ၅ ရက် ၂၀၂၄
အွန်လိုင်းလုပ်ငန်းကနိုင်ငံခြားသားတွေKNA နှင်ထုတ်၊ မြန်မာပဋိပက္ခကြောင့်အိုးအိမ်စွန့်ခွါရသူ ၃ သန်းကျော်ရှိလာ၊ မန္တလေးတိုင်းမှာအပူဒဏ်ကြောင့်သေဆုံးသူ ၅၀ကျော်၊ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ၊ လယ်ယာစီးပွါး အစီစဉ်တွေတင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၅၊ ၂၀၂၄)
အငိုသန်တဲ့ကလေးတွေ ဆုရမယ့် ကလေးအငိုပြိုင်ပွဲ၊ ဥရောပမှာ စင်ရော်လို အတူနိုင်ဆုံး လိုက်အော်တတ်တဲ့ ကလေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စစ်ဘေးသင့် ကလေးလူငယ်တွေ အားဖြစ်စေတဲ့ ဂီတကျောင်းလေးအကြောင်း ပြောပြတဲ့ GenZ အစီအစဉ်၊ ဂျာမနီက ဆေးပညာ ပြတိုက်ရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မဲဆောက်ကို ရောက်လာကြသူများ ရင်ဖွင့်တဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၅၊ ၊ ၂၀၂၄)
ဂါဇာဒေသငြိမ်းချမ်းရေး ဟာမတ်စ်နဲ့ စေ့စပ်ညှိနှိုင်းသူတွေ ကိုင်ရိုမြို့မှာဆွေးနွေး၊ ယူကရိန်းသမ္မတကို အလိုရှိသူစာရင်းမှာ ရုရှားအစိုးရထည့်သွင်း စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။