TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဂျူလိုင် ၅ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဂျူလိုင် ၅ ရက်၊ ၂၀၂၄) − အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေး နောက်အပတ် ပြန်ညှိနှိုင်းဖို့ အစ္စရေးဝန်ကြီးချုပ်ပြောကြား၊ မဏိပူအကျဉ်းထောင်က မြန်မာတွေ အစာငတ်ခံတိုက်ပွဲ ယာယီရပ်ဆိုင်း၊ ယူရိုဘောလုံးပွဲ ကွာတားဖိုင်နယ်အခြေအနေ စတာတွေနဲ့အတူ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတို့ကို နားဆင်ရှုစားကြရမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇူလိုင် ၆ ရက်၊ ၂၀၂၄)
ရှမ်းမြောက်အစပြု ၁၀၂၇ တကျော့ပြန်တိုက်ပွဲများ အရှိန်ပြင်းထန် အရပ်သားထိခိုက်မှုရှိ၊ ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်စည်းဝေး၊ ဒီလို တပတ်အတွင်း သတင်းများ၊ ၁၀၂၇ တကျော့ပြန်တိုက်ပွဲများလားရာ တွေ့ဆုံမေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇူလိုင် ၆ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၆၊ ၂၀၂၄
လုံခြုံရေးနဲ့ ကာကွယ်ရေး ဗြိတိန်အစိုးရသစ် ဦးစားပေး၊ ပြုပြင်ပြောင်းလဲလိုသူ အီရန်သမ္မတသစ်ဖြစ်လာ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရုတ်နိုင်ငံရောက်၊ အင်္ဂလန်- ဆွစ်ဇာလန်၊ နယ်သာလန်- တူရကီတို့ကစားကြမယ့် EURO 2024 ကွာတားပွဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။